၂၀၂၄ ခုဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၈၈၆ ဘီလျံ ကွန်ဂရက်လွှတ်တော်ခွင့်ပြု

PUBLISHED - December 18, 2023
နိုင်ငံတကာ၊ ဒီဇင်ဘာ ၁၈
အမေရိကန်ထောက်လှမ်းရေးအဖွဲ့က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေတဲ့ အငြင်းပွားဖွယ်ရာ ပင်လယ်ရပ်ခြား အီ လက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းစနစ်ကို တိုးချဲ့နေစဉ်အတွင်းမှာပဲ ၂၀၂၄ ခု ဘဏ္ဍာရေးနှစ် ကာကွယ် ရေးအသုံးစရိတ် ဒေါ်လာ ၈၈၆ ဘီလျံကို ကြာသပတေးနေ့ (ဒီဇင်ဘာလ ၁၄ ရက်နေ့) က အမေရိကန် ကွန်ဂ ရက်လွှတ်တော်က ခွင့်ပြုလိုက်ပါတယ်။
ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာလ ၁၃ ရက်နေ့) က အထက်လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးနောက် အောက်လွှတ်တော် အ မတ်တွေ သဘောတူလက်ခံလိုက်တဲ့ ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းဟာ အင်ဒို-ပစိဖိတ်ဒေသကာကွယ် ရေးနဲ့ ဒေသတွင်း တရုတ်သြဇာလွှမ်းမိုးမှုကို တန်ပြန်ရင်ဆိုင်ဖို့အတွက် မြှင့်တင်ဖို့အတွက် ဒေါ်လာဘီလျံပေါင်း များစွာထောက်ပံ့သွားမှာဖြစ်ပါတယ်။
အဲဒီဥပဒေကြမ်းထဲမှာ ယူကရိန်းနိုင်ငံကို ကူညီဖို့အတွက်လည်းပါရှိပြီး ယူကရိန်းအတွက် ဒေါ်လာ သန်း ၃၀၀ ကူညီဖို့ ပါရှိတယ်လု့ိဆိုပါတယ်။
အဲဒီ ပမာဏဟာ ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့အတွက် အခုနှစ်အကုန်မှာ အမေရိကန် သမ္မတနဲ့ ယူကရိန်းသမ္မတို့ အမေရိကန်ကွန်ဂရက်လွှတ်တော် မှာ တင်ပြတောင်းခံထားတဲ့ အလွန်များပြားလှတဲ့ ဒေါ်ဘာ ၆၁ ဘီလျံနဲ့ နှိုင်းယှဉ်ရင် အလွန်နည်းပါးတဲ့ ပမာဏဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေကြမ်းထဲမှာ သက်တမ်းကုန်ခါနီးဖြစ်ပြီး လူ့အခွင့်အရေးအဖွဲ့တွေက အပြင်းအထန်ဝေဖန်နေတဲ့ “နိုင်ငံ ခြားသားတစ်ဦးချင်းအတွက် ပင်လယ်ရပ်ခြားအီလက်ထရောနစ်စောင့်ကြည့်ထောက်လှမ်းရေး” ဥပဒေအတွက် လည်း ဘတ်ဂျက်တိုးမြှင့်ပေးထားတယ်လို့ ဆိုပါတယ်။
အဲဒီဥပဒေအရ အမေရိကန်လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ ဝရမ်းမလိုအပ်ဘဲ နိုင်ငံရပ်ခြားမှာရှိတဲ့ အမေရိကန်နိုင်ငံ သားမဟုတ်သူ နိုင်ငံခြားသားတွေနဲ့ ပတ်သက်ပြီး အီးမေးလ်ခိုးယူကြည့်ရှုခြင်းအပါအဝင် အီလက်ထရောနစ် စောင့်ကြည့်ထောက်လှမ်းရေးအလုပ်တွေကို လုပ်နိုင်ပါတယ်။
အဲဒီဥပဒေကို သက်တမ်းကုန်ဆုံးခွင့်ပြုလိုက်တာဟာ “တစ်ဖက်သတ်လက်နက်ဖြုတ်သိမ်းလိုက်သလို” ဖြစ်နေ တဲ့အတွက် အဲဒီဥပဒေကို ပြန်လည်ပြဋ္ဌာန်းပေးဖို့ FBI ညွှန်ကြားရေးမှူး ခရစ္စတိုဖာရေးက အခုသီတင်းပတ်အ တွင်းက ကွန်ဂရက်လွှတ်တော်ကို တိုက်တွန်းခဲ့ပါတယ်။
ချမှတ်ပေးလိုက်တဲ့ ကာကွယ်ရေးဘတ်ဂျက်အသစ်ထဲမှာ အမေရိကန်တပ်မတော်သားတွေရဲ့ လစာ ငါးရာခိုင် နှုန်း တိုးမြှင့်ဖို့လည်း ပါဝင်ပါတယ်။
ဥပဒေကြမ်းထဲမှာ ရီပတ်ဘလီကန်လွှတ်တော်အမတ်တွေ တင်ပြထားတဲ့ စစ်မှုထမ်းအမျိုးသမီးတွေ ကိုယ်ဝန် ဖျက်ချမှု ကန့်သတ်တားဆီးရေးနဲ့ စစ်စခန်းတွေမှာ LGBT အလံလွှင့်ထူထားတာကို ပင်တဂွန်စစ်ဌာနချုပ်ကို ပိတ်ပင်တားမြစ်မယ့်ရေး ထပ်မံဆောင်ရွက်မှုတွေအတွက် အသုံးစရိတ်တွေကို ခွင့်ပြုထားခြင်းမရှိပါဘူး။
ကာကွယ်ရေးအသုံးစရိတ်ဥပဒေကြမ်းမှာပါဝင်တဲ့ စာမျက်နှာ ၃၀၀၀ ကျော်ပါ စာရွက်စာတမ်းတွေအားလုံးကို သမ္မတနောက်ဆုံးအတည်ပြုလက်မှတ်ရေးထိုးဖို့အတွက် သမ္မတဂျိုးဘိုင်ဒန်ထံ တင်ပြထားကြောင်းသိရပါတယ်။
Ref: US Congress Passes Huge $886B Defense Budget for 2024
#PeopleMedia