• Follow Us on
Latest News

Home ၂၀၂၄ စင်္ကာပူလေကြောင်းပြပွဲမှာ ထိုင်း Gripen ဂျက်တိုက်လေယာဉ်နှစ်စင်း ပါဝင်ပြသ

၂၀၂၄ စင်္ကာပူလေကြောင်းပြပွဲမှာ ထိုင်း Gripen ဂျက်တိုက်လေယာဉ်နှစ်စင်း ပါဝင်ပြသ

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃

 

တော်ဝင်ထိုင်းလေတပ် (RTAF) က Gripen ဂျက်တိုက်လေယာဉ်နှစ်စင်းဟာ အာရှတိုက်ရဲ့အကြီးဆုံးပြပွဲဖြစ်တဲ့ စင်္ကာပူလေကြောင်းပြပွဲမှာ ပါဝင်ဆင်နွှဲခဲ့ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

တော်ဝင်ထိုင်းလေတပ်စစ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ပန်ပတ်ဒီးပတ္တနာကူလ်ကလည်း အင်္ဂါနေ့ (ဖေဖော်ဝါရီ ၂၀ ရက်နေ့) ကနေ တနင်္ဂနွေနေ့ (ဖေဖော်ဝါရီ ၂၅ ရက်နေ့) အထိ ကျင်းပမယ့် စင်္ကာပူလေကြောင်းပြပွဲကိုတက် ရောက်ခဲ့ပါတယ်။

 

ထိုင်းလေသူရဲနှစ်ဦးဟာ ထိုင်းနိုင်ငံတောင်ပိုင်း ဆူရတ်ဌာနီပြည်နယ်မှာရှိတဲ့ အမှတ် ၇ လေတပ်အခြေစိုက်စခန်း မှာရှိတဲ့ ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်နှစ်စင်းကို မောင်းနှင်ပျံသန်းသွားတာဖြစ်ပါတယ်။

 

စင်္ကာပူနိုင်ငံ ချန်ဂီလေဆိပ်ရောက်အောင် မိနစ် ၉၀ ကြာ မောင်းနှင်ပျံသန်းသွားရကြောင်း လေသူရဲနှစ်ဦးက ပြောပါတယ်။

 

အဲဒီနောက် လေသူရဲနှစ်ဦးဟာ စင်္ကာပူလေဆိပ်နဲ့ ၁၀ မိနစ်ဝန်းကျင်ကွာဝေးတဲ့နေရာမှာရှိတဲ့ ချန်ဂီပြပွဲစင်တာ လေကြောင်းပြပွဲကို မောင်းနှင်သွားခဲ့ကြပါတယ်။

 

အိမ်နီးချင်းနိုင်ငံတွေက ဂျက်တိုက်လေယာဉ်တွေနဲ့အတူ စင်္ကာပူလေကြောင်းပြပွဲမှာ Gripen ဂျက်တိုက်လေ ယာဉ်တွေနဲ့ ထိုင်းနိုင်ငံတော်အလံကို ပြသခွင့်ရခဲ့တဲ့အတွက် နိုင်ငံ့ကိုယ်စား ဂုဏ်ယူမိကြောင်း ထိုင်းလေသူရဲ နှစ်ဦးက ပြောပါတယ်။

 

အဲဒီပြပွဲမှာရောက်နေတဲ့ ထိုင်းလေတပ်ရဲ့ ဂျက်တိုက်လေယာဉ်တွေကို ဧည့်သည်တွေ အထူးသဖြင့် မီဒီယာ တွေက အလွန်စိတ်ဝင်စားကြကြောင်း ၎င်းတို့က ပြောပါတယ်။

 

စင်္ကာပူနိုင်ငံက အိမ်ရှင်အဖြစ် နှစ်နှစ်တစ်ကြိမ် လက်ခံကျင်းပခဲ့ ဒီလေကြောင်းပြပွဲဟာ အာရှတိုက်မှာ အကြီးမား ဆုံးလေကြောင်းပြပွဲနဲ့ စစ်လက်နက်ပစ္စည်းပြပွဲဖြစ်ပြီး ကမ္ဘာတစ်ဝန်းက ကုမ္ပဏီတွေနဲ့ ဧည့်သည်တွေ အထူးစိတ် ဝင်စားတဲ့ပွဲဖြစ်ပါတယ်။

 

၂၀၂၄ ခုနှစ် စင်္ကာပူလေကြောင်းပြပွဲမှာ ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ပါဝင်ခဲ့ပြီး နိုင်ငံပေါင်း ၅၀ ကျော်က စိတ်ဝင် စားသူ ၅၀,၀၀၀ ကျော်တက်ရောက်ခဲ့ကြောင်း ခန့်မှန်းထားပါတယ်။

 

လေယာဉ်နဲ့ စစ်လက်နက်ပစ္စည်း ခင်းကျင်းပြသခဲ့တဲ့ ကုမ္ပဏီပေါင်း ၁၀၀၀ ကျော်ထဲမှာ အနောက်တိုင်းက နာ မည်ကျော်ကုမ္ပဏီတွေဖြစ်တဲ့ အဲဘတ်စ်၊ ဘိုးရင်း၊ လော့ဟိမာတင်နဲ့ COMAC ကုမ္ပဏီနဲ့ AVIC ကုမ္ပဏီတို့လို တရုတ်ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်။

 

ဒါ့အပြင် အစ္စရေးကုမ္ပဏီတွေဖြစ်တဲ့ Israel Aerospace Industries နဲ့ Rafael Advanced Defense Systems တို့လည်း ပါဝင်ပါတယ်။

 

ပြပွဲမှာ စင်္ကာပူ၊ သြစတေးလျ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ အမေရိကန်ပြည်ထောင်စုတို့အပါအဝင် နိုင်ငံအများအပြားက ဂျက်တိုက်လေယာဉ်တွေကိုလည်း ပျံသန်းပြသခဲ့ပါတယ်။

 

တရုတ်နိုင်ငံထုတ် COMAC C919 လေယာဉ်နဲ့ ပြင်သစ်နိုင်ငံထုတ် Airbus A350-1000 တို့လို အရပ်ဘက်လေ ယာဉ်တွေကိုလည်း ခင်းကျင်းပြသခဲ့ပါတယ်။

 

Ref: Thailand’s Gripen fighter jets join Singapore Airshow 2024

 

#PeopleMedia


Share this post