• Follow Us on

Home ၂၀၂၄ နှစ်လယ်လောက်မှာ ခရိုင်းမီးယားနဲ့ ချိတ်ဆက်ထားတဲ့ ကာ့ချ်တံတားကို တိုက်ခိုက်ဖျက်ဆီးဖို့ ယူကရိန်း စီစဉ်နေဟုဆို

၂၀၂၄ နှစ်လယ်လောက်မှာ ခရိုင်းမီးယားနဲ့ ချိတ်ဆက်ထားတဲ့ ကာ့ချ်တံတားကို တိုက်ခိုက်ဖျက်ဆီးဖို့ ယူကရိန်း စီစဉ်နေဟုဆို

Share this post

နိုင်ငံတကာ၊ ဧပြီ ၆

 

သိမ်းပိုက်ခံဒေသလွတ်မြောက်အောင်ကြိုးစားရာမှာ စစ်ဆင်ရေးမြှင့်တင်ဆောင်ရွက်ဖို့အတွက် ၂၀၂၄ ခုနှစ် နှစ် လယ်ပိုင်းလောက်မှာ ရုရှားနဲ့ ခရိုင်းမီးယားဆက်သွယ်ထားတဲ့ တံတားကို ဖောက်ခွဲဖို့ ယူကရိန်းနိုင်ငံက စီစဉ်နေ ကြောင်း The Defense Post မှာ ရေးသားဖော်ပြထားပါတယ်။

 

The Guardian နဲ့ အင်တာဗျူးရာမှ အမည်မဖော်လိုတဲ့ ယူကရိန်း ထိပ်တန်းစစ်ထောက်လှမ်းရေးအရာရှိတစ်ဦး က အခုလိုပြောတာဖြစ်ပါတယ်။

 

၁၂ မိုင် (၁၉ ကီလိုမီတာ) ရှည်လျားတဲ့ ကာ့ချ်တံတား (Kerch Bridge) ဟာ ခရိုင်းမီးယားဒေသကို ရုရှားတွေ သိမ်းပိုက်ထားတဲ့ သင်္ကေတတစ်ခုဖြစ်လာတဲ့အတွက် လက်ရှိအချိန်မှာ အဲဒီတံတားကို ဖျက်ဆီးဖို့ဆိုတာ လွှဲ ရှောင်မရတဲ့တာဝန်ဖြစ်ကြောင်း ၎င်းက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ ထောက်ပံ့ရေးပစ္စည်းတွေသယ်ယူပို့ဆောင်ရာမှာ အဓိကလမ်းကြောင်းတွေကို အသုံးပြုနေ တဲ့အတွက် အဲဒီတံတားကို ဖျက်ဆီးလိုက်တာဟာ ရုရှားထိုးစစ်စွမ်းရည်ကို လျော့ကျစေနိုင်တယ်လို့ ဆိုပါတယ်။

 

စီမံထားတဲ့တိုက်ခိုက်မှုကို ဆောင်ရွက်ဖို့အတွက် လိုအပ်တဲ့နည်းလမ်းနဲ့ ပစ္စည်းအများစု ယူကရိန်းတပ်မတော်မှာ ရှိထားပြီးဖြစ်ကြောင်း အဲဒီအရာရှိက The Guardian ကို ပြောပါတယ်။

 

ယူကရိန်းစစ်တပ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ တစ်ကြိမ်၊ ၂၀၂၃ ခုနှစ် ဇွန်လမှာတစ်ကြိမ် စုစုပေါင်း ၂ ကြိမ် အဲဒီတံတားကို ဖျက်ဆီးဖို့ ကြိုးစားခဲ့ပါတယ်။

 

ပထမအကြိမ်တိုက်ခိုက်မှုကြောင့် တံတားအစိတ်အပိုင်းတချို့ ပျက်စီးခဲ့ပေမဲ့ ရုရှားအစိုးရက အဲဒီပျက်စီးမှုကို ပြန်လည်ပြင်ဆင်နိုင်ခဲ့ပါတယ်။

 

တစ်နှစ်မပြည့်ခင်အချိန်ကလေးမှာပဲ ယူကရိန်းနိုင်ငံက ဒရုန်းရေယာဉ်တွေကို အသုံးပြုပြီး အဲဒီတံတားကို ထပ်မံ တိုက်ခိုက်ခဲ့ရာမှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

 

အဲဒီတိုက်ခိုက်မှုတွေကြောင့် ရုရှားတပ်တွေက ကာ့ချ်တံတားအတွက် အထူးသီးသန့်ရေအောက် အတားအ ဆီးတွေ ချထားပြီး ကာကွယ်ထားပါတယ်။

 

ဒါ့အပြင် ထင်းထင်းကြီးမြင်နေရတဲ့ အဲဒီပစ်မှတ်ကို ကာကွယ်ဖို့အတွက် ရုရှားအစိုးရဟာ ရုရှားတပ်ဖွဲ့ဝင်အများ အပြားကိုလည်း ထပ်မံတိုးမြှင့်ပြီး တပ်ဖြန့်ချထားတယ်လို့ ဆိုပါတယ်။

 

Ref: Ukraine to Destroy Bridge Linking Russia to Crimea by Mid-2024: Intel

 

#PeopleMedia


Share this post