• Follow Us on

Home ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက် သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်မည်

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် (၃၄) ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက် သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်မည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၈

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်ချက်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အားလုံး အလယ်တန်းဆင့်(Grade 9) ပြီးမြောက်အောင်မြင်ပါက စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးပညာရပ်များကို သင် ယူလေ့ကျင့်ခွင့်ရရှိနိုင်ရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် (၅၀) ခရိုင်ရှိ အခြေခံပညာအထက် တန်းကျောင်း (၅၁) ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

၂၀၂၄ – ၂၀၂၅ ပညာသင်နှစ်တွင် ခရိုင်(၃၄) ခရိုင်၌ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲ ဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း (၃၄) ကျောင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင်ဖွင့်လှစ်မည့် အဆိုပါအခြေခံပညာအထက်တန်းကျောင်းများတွင် တက်ရောက် ကြမည့် ကျောင်းသား၊ ကျောင်းသူများသည် အထက်တန်းဆင့် သင်ယူနေစဉ်ကာလ၌ စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး စသည့် အသက်မွေးဝမ်းကျောင်း အတတ်ပညာများကို သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိလာမည်ဖြစ်ပြီး၊ အလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်ပါက စိတ်ပါဝင်စားသည့် မည်သူမဆို တက်ရောက်သင်ယူနိုင်ရေးအတွက် လျှောက်ထား နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post