• Follow Us on

Home ၂၀၂၅ ခုနှစ်မတိုင်ခင် ဒရုန်းအစင်းရေ ၁.၈ သန်း ဝယ်ယူသွားမှာဖြစ်ကြောင်း ယူကရိန်းပြော

၂၀၂၅ ခုနှစ်မတိုင်ခင် ဒရုန်းအစင်းရေ ၁.၈ သန်း ဝယ်ယူသွားမှာဖြစ်ကြောင်း ယူကရိန်းပြော

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၁

 

ရုရှားကျူးကျော်စစ်ကို ဆက်လက်ခုခံတိုက်ခိုက်နိုင်အတွက် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်အတွင်း ဒရုန်းစင်းရေ ၁.၈ သန်း ဝယ်ယူသွားမှာဖြစ်ကြောင်း ယူကရိန်းအစိုးရက အတည်ပြုပြောကြားလိုက်ပါတယ်။

 

စစ်သတင်းရှာဖွေစုဆောင်းရေး၊ ပစ်မှတ်ခြေရာခံထောက်လှမ်းရေးနဲ့ တိုက်ခိုက်ရေးတာဝန်တွေ ရေရည်ဆောင် ရွက်နိုင်ဖို့အတွက် ယူကရိန်းဒစ်ဂျစ်တယ်ပြောင်းလဲရေးဝန်ကြီးဌာနနဲ့အတူ စတင်ဆောင်ရွက်ခဲတဲ့ ဒီစီမံချက်ဟာ ယူကရိန်းငွေ ၁၄၇ ဘီလျံ (ဒေါ်လာ ၃.၅ ဘီလျံ) သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။

 

ဒီပူးပေါင်းအဖွဲ့ဟာ ၂၀၂၄ ခုနှစ် ပထမ ၁၀ လအတွင်း ဒရုန်းအစင်းရေ ၁.၆ သန်း ဝယ်ယူဖို့အတွက် ယူကရိန်း ငွေ ၁၁၄ ဘီလျံ (ဒေါ်လာ ၂.၇ ဘီလျံ) ခွဲဝေပေးခဲ့ပါတယ်။

 

ဒီနေ့အချိန်အထိ ဒေါ်လာ ၁.၉ ဘီလျံတန်ကြေးရှိ ဒရုန်းအစင်းရေ ၁.၂၈ သန်း ယူကရိ်န်းတပ်မတော်ကို လွှဲ ပြောင်းပေးခဲ့ပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ် မကုန်ခင် နောက်ထပ် ၃၆၆,၉၀၀ စင်း ထပ်မံလွှဲပြောင်းပေးသွားဖို့ ခန့်မှန်း ထားပါတယ်။

 

လွှဲပြောင်းပေးနေတဲ့ မောင်းသူမဲ့လေယာဉ်တွေထဲမှာ FPV ဒရုန်းတွေ၊ တိုက်ခိုက်ရေးဒရုန်း/ အသေခံဒရုန်းတွေ၊ Mavic-type ကင်းထောက်ဒရုန်းတွေနဲ့ တခြားမောင်းသူမဲ့လေယာဉ်/ရဟတ်ယာဉ်တွေ ပါဝင်ပါတယ်။

 

“အခုလို ကျယ်ပြန့်လှတဲ့ မောင်းသူမဲ့လေယာဉ်ထောက်ပံ့မှုဟာ နည်းဗျူဟာနဲ့ မဟာဗျူဟာစိန်ခေါ်မှုတွေကို အလျင်အမြန်တုံ့ပြန်ရာမှာ အထောက်အကူပြုပြီး တိုက်ခိုက်ရေးတပ်တွေအတွက် အားထားရလောက်တဲ့ ထောက်ပံ့မှုတွေကို ပေးသွားမှာဖြစ်ပါတယ်။” လို့ ပူးတွဲအဖွဲ့ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

 

လာမယ့်နှစ်မှာ ယူကရိန်းနိုင်ငံအနေနဲ့ ဒေါ်လာ ၇၈၃.၂ သန်းတန်ကြေးရှိတဲ့ ဒရုန်းအစင်းရေ ၁၅၅၂၀၀ ထပ်မံ ရရှိမှာဖြစ်ကြောင်း ခန့်မှန်းထားပါတယ်။

 

ဒေသတွင်းထုတ်လုပ်မှုမြှင့်တင်ဖို့ အစိုးရရဲ့ ကြိုးပမ်းဆောင်ရွက်မှုတစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းနိုင်ငံဟာ နှစ်စဉ် ဒရုန်းအစင်းရေ ၄ သန်း ထုတ်လုပ်နိုင်စွမ်းရှိပြိဖြစ်ကြောင်း အခုလအတွင်း ယူကရိန်းသမ္မတဗလာဒီမာ ဇီလန်စကီးက ကြေညာခဲ့ပါတယ်။

 

Ref: Ukraine Confirms Procurement of 1.8 Million Drones By 2025

 

#PeopleMedia


Share this post