၂၀၂၅ ခု ဘဏ္ဍာရေးနှစ် စစ်ရေးအသုံးစရိတ် ၃၀% သုံးစွဲရန် ရုရှားစီစဉ်
PUBLISHED - October 1, 2024
နိုင်ငံတကာ၊ အောက်တိုဘာ ၁
ယူကရိန်းစစ်ပွဲထိုးစစ်အတွက် ရင်းမြစ်အမျိုးမျိုးကို ပိုမိုသုံးစွဲနေစဉ်အတွင်း ရုရှားနိုင်ငံဟာ လာမယ့်နှစ်မှာ ကာ ကွယ်ရေးအသုံးစရိတ်ကို ၃၀ ရာခိုင်နှုန်းအထိ သုံးစွဲထားဖို့ စီစဉ်ထားကြောင်း ဘတ်ဂျက်ဥပဒေကြမ်းရေးဆွဲ ရေးအဖွဲ့က တနင်္လာနေ့ (စက်တင်ဘာ ၃၀ ရက်နေ့) က ကြေညာလိုက်ပါတယ်။
ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲအတွက် ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို တိုးမြှင့်ထုတ်လုပ်နေသလို ရှေ့တန်းမှာ တိုက်ပွဲဝင်နေတဲ့စစ်သားတွေကိုလည်း မက်မောလောက်စရာ လစာတွေတိုးမြှင့်ပေးနေစဉ်အတွင်း ဆိုဗီယက် ခတ်ကတည်းက မမြင်ဖူးခဲ့တဲ့ အဆင့်အထိ စစ်ရေးအသုံးစရိတ်တွေကို တိုးမြှင့်သုံးစွဲခဲ့ပါတယ်။
အခုနောက်ဆုံး ၂၀၂၅ ခုနှစ်အတွက် တိုးမြှင့်သုံးစွဲမယ့် ကာကွယ်ရေးအသုံးစရိတ်ဟာ ရုရှားရူဘယ်ငွေ ၁၃.၅ ထရီလီယန် (ဒေါ်လာ ၁၄၅ ဘီလျံ) ဖြစ်ကြောင်း လွှတ်တော်ဝက်ဆိုက်မှာ ဖော်ပြထားပါတယ်။
အခုဖော်ပြထားတဲ့ ဘတ်ဂျက်ထဲမှာ ပြည်တွင်းလုံခြုံရေးနဲ့ ထိပ်တန်းလျှို့ဝှက်လုပ်ငန်းတွေအတွက် သီးသန့်ခွဲ ထားတဲ့ အသုံးစရိတ်တွေလို စစ်ဆင်ရေးတွေနဲ့ တိုက်ရိုက်ပတ်သက်တဲ့ တခြားရင်းမြစ်တွေ မပါဝင်သေးပါဘူး။
၂၀၂၅ ခုနှစ်အတွက် ကာကွယ်ရေးနဲ့ လုံခြုံရေး စုပေါင်းထားတဲ့ အသုံးစရိတ်ဟာ ရုရှားအစိုးရစုစုပေါင်းအသုံးစ ရိတ်ရဲ့ ၄၀ ရာခိုင်နှုန်းဝန်းကျသင်ရှိပြီး ရူဘယ်ငွေ ၄၁.၅ ထရီလီယန်ဖြစ်တယ်လို့ ဆိုပါတယ်။
ဘတ်ဂျက်ဥပဒေကြမ်းကို ရုရှားလွှတ်တော်ကို မတင်ခင်မှာ စစ်ရေးအသုံးစရိတ်တိုးမြှင့်မှုနဲ့အတူ ရင်းနှီးမြှုပ်နှံမှုနဲ့ လူမှုဖုံလုံရေးကဏ္ဍမှာလည်း တိုးမြှင့်ဆောင်ရွက်မှာဖြစ်ကြောင်း ရုရှားအစိုးရက ပြောပါတယ်။
ဘတ်ဂျက်ထိပ်တန်းဦးစားပေးဟာ “နိုင်ငံသားတွေအတွက် လူမှုထောက်ပံ့ရေး” ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီး အန်တွန်ဆီလူနော့ဗ်က ပြီးခဲ့တဲ့အင်္ဂါနေ့ အစိုးရအွန်လိုင်းအစည်းအဝေးမှာ ပြောပါတယ်။
“ဘတ်ဂျက်ဒုတိယဦးစားပေးကတော့ ကာကွယ်ရေးနဲ့ လုံခြုံရေးအသုံးစရိတ် ထောက်ပံ့ရေးပဲဖြစ်ပါတယ်။ အဲဒီ အထဲမှာ အထူးစစ်ဆင်ရေးအတွက် ရင်းမြစ်တွေ ထောက်ပံ့မှုရယ်၊ အထူးစစ်ဆင်ရေးမှာ ပါဝင်တိုက်ခိုက်နေတဲ့ တပ်ဖွဲ့ဝင်တွေရဲ့ မိသားစုတွေ ထောက်ပံ့ရေးရယ် ပါဝင်တယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Russia Plans 30 Percent Defense Spending Hike in 2025
#PeopleMedia