၂၀၂၅ မှာ ထိုင်းစီးပွားရေး ၂.၉% တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ် ခန့်မှန်းထား

PUBLISHED - February 15, 2025
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၅
၂၀၂၄ ခုနှစ်မှာ ထိုင်းနိုင်ငံစီးပွားရေး ၂.၆% တိုးတက်ခဲ့ရာကနေ ၂၀၂၅ ခုနှစ်အတွင်း ထိုင်းနိုင်ငံ စီးပွားရေးဟာ ၂.၉% အထိ တိုးတက်မယ်လို့ ကမ္ဘာ့ဘဏ် (World Bank) က ခန့်မှန်းတွက်ချက်ထားပါတယ်။
ဘတ်ဂျက်တိုးမြှင့်ထုတ်ပေးထားခြင်း၊ အခြေခံအဆောက်အအုံစီမံကိန်းတွေ ဆောက်လုပ်နေခြင်းတို့ကနေ ရင်းနှီးမြှုပ်နှံ မှုတွေ ပြန်လည်ရရှိလာတာကြောင့် အခြေခံအားဖြင့် အခုလို စီးပွားရေးတိုးတက်မှုနှုန်းမြင့်တက်မယ်လို့ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုဟာ ၂၀၂၅ ခုနှစ် နှစ်လယ်ပိုင်းလောက်မှာ ကပ်ရောဂါဘေးမတိုင်မီကာလက အခြေအ နေကို ပြန်လည်ရောက်ရှိသွားနိုင်တဲ့အတွက် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်သလို စား သုံးမှု မြင့်တက်လာမှုကလည်း အဓိကအခန်းကနေ ဆက်လက်ပါဝင်နေမှာဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံဟာ ကမ္ဘာ့စီးပွားရေး ပြောင်းလဲမှုအတိုင်း မောင်းနှင်သွားလာနေတာဖြစ်တဲ့အလျောက် စီးပွားရေးဒဏ်ခံနိုင်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံ့ဖြိုးတိုးတက်မှုတို့ကို မြှင့်တင်နိုင်ဖို့အတွက် တီထွင်ဖန်တီးမှု၊ စွန့်ဦးတီထွင်ဆောင်ရွက်မှု၊ အား ကောင်းလှတဲ့ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SMEs) က အသင့်ရှိနေတယ်လို့ ဆိုပါတယ်။
လွန်ခဲ့တဲ့အနှစ် ငါးဆယ်အတွင်း ထိုင်းနိုင်ငံရဲ့ ပြောစမှတ်ပြုလောက်အောင် ဖွံ့ဖြိုးတိုးတက်လာပုံကို ထိုင်းနဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ ကမ္ဘာ့ဘဏ် ညွှန်ကြားရေးမှူး (country director) မယ်လင်ဒါဂွဒ်က အလေးထားပြောကြားပါတယ်။
“အနာဂတ်ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းတွေ ရှာဖွေတွေ့ရှိဖို့ိဆိုတာက ယုံကြည်မှုအပြည့်နဲ့ ရဲဝံ့ပြတ်သားတဲ့ ဆုံး ဖြတ်ချက်ချမှတ်နိုင်မှု၊ ဆိုင်ရာနယ်ပယ်အသီးသီးမှာ တီထွင်ဖန်တီးနိုင်မှုစွမ်းရည်တွေအတွက် ဘတ်ဂျက်ဖြန့်ခွဲသုံးစွဲနိုင်မှု၊ အနာဂတ်အတွက် လိုအပ်တဲ့ကျွမ်းကျင်မှုတွေ ဖွံ့ဖြိုးတိုးတက်မှုနဲ့ ထိုင်းပြည်သူတွေ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုတွေကို ပြောင်းလဲရင်ဆိုင်နိုင်ပြီး ရှေရှည်တည်တံ့ခိုင်မြဲတဲ့ ဖွံံ့ဖြိုးမှုကို ရရှိအောင် ဆောင်ရွက်ပေးနိုင်တဲ့ အထောက်အကူပေးနိုင်တဲ့ အာဏာပိုင်ဝန်းကျင်တစ်ရပ် (မလိုတာလျှော့ချ/ လိုတာမြှင့်တင်တဲ့ အခြေအနေကို ပြောတာ။) တို့ လိုအပ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
စဉ်ဆက်မပြတ် စီးပွားရေး ပြန်လည်ဖွံ့ဖြိုးမှုနဲ့ ယှဉ်တွဲနေတဲ့ အစိုးရရဲ့ ဒစ်ဂျစ်တယ်ဘတ်ငွေ ၁၀၀၀၀ ထောက်ပံ့ရေး အစီအစဉ်ကလည်း ဆင်းရဲမွဲတွေမှုကို လျှော့ချရာမှာ တစ်ဖက်တစ်လမ်းက အထောက်အကူဖြစ်စေခဲ့တယ်လို့ ဆို ပါတယ်။
ဒါပေမဲ့ မျှော်မှန်းထားတာထက် အနည်းငယ် ပိုကောင်းလာပေမဲ့လည်း ထိုင်းနိုင်ငံရဲ့ GDP ဟာ မျှော်မှန်းထားတဲ့ အဆင့်ထက် နိမ့်ကျနေဆဲပဲ ရှိပါသေးတယ်။
အဓိကစိန်ခေါ်မှုတွေထဲမှာ အိမ်ထောင်စုအကြွေးတွေမြင့်တက်လာခြင်း၊ ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုကို အားပေးလှုံ့ဆော်ခြင်း နဲ့ ရာသီဥတုပြောင်းလဲမှု/ သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းတို့ကြောင့် အသုံးစရိတ်လိုအပ်ချက်မြင့်တက်လာမှုတွေရှိနေတဲ့ ကြားက ဘဏ္ဍာရေး ရေရှည်တောင့်ခံနိုင်မှုတို့ပဲ ဖြစ်တယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံထဲက စီးပွားရေးလုပ်ငန်းတွေရဲ့ ၉၀% ကျော်ရှိပြီး အရေးပါတဲ့ အလုပ်အကိုင်ရင်းမြစ်တစ်ခုအဖြစ် တည်ရှိနေတဲ့ အသေးစား/အလတ်စား စီးပွားရေးလုပ်ငန်းတွေ (SMEs) တွေဟာ အင်အားကောင်းတဲ့ တိုးတက်ရေးမောင်းနှင်အားတွေ ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ကုမ္ပဏီသစ်တွေနဲ့တူ ဒီ SME လုပ်ငန်းတွေဟာ ရန်ပုံငွေ၊ နည်းပညာနဲ့ နိုင်ငံတကာဈေးကွက်တွေ ရရှိနိုင်ရေး ကြိုး ပမ်းရာမှာ အခက်အခဲတွေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမှာဖြစ်ကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။ ဝင်ငွေတိုးမြှင့်ကောက်ခံခြင်းနဲ့ အမှန်တကယ်လိုအပ်တဲ့နေရာတွေကိုသာ ဘတ်ဂျက်တွေသုံးစွဲဖို့ မျှဝေပေးခြင်း နည်း လမ်းတွေကတစ်ဆင့် ဘဏ္ဍာရေးဘေးဒုက္ခခံနိုင်ရည်ရှိမှု အရေးပါမှုကို ကမ္ဘာ့ဘဏ် (ထိုင်း) ရဲ့ ထိပ်တန်းစီးပွားရေး ပ ညာရှင် ကီယာတီပေါင် အရီယာပရူချာယာက ပြောပါတယ်။
“အခွန်များများရမယ့် စီးပွားရေးလုပ်ငန်းတွေ တိုးချဲ့ခြင်း၊ အခြေခံအဆောက်အအုံကဏ္ဍမှာ တိုးတက်မှုမြှင့်တင်ပေးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို ဦးစားပေးလုပ်ကိုင်စေခြင်းနဲ့ နည်းပညာသစ်တွေဟာ (နိုင်ငံ့စီးပွားရေး) ရေရှည်တောင့်ခံထားနိုင်မှု အတွက် အလွန်အရေးကြီးပါတယ်။” လို့ ၎င်းက ပြောပါတယ်။
ထိုင်းနိုင်ငံတွင်း ၂၀၁၉ ခုနှစ်က ကမ္ဘာလှည့်ခရီးသွား စံချိန်တင် သန်း ၄၀ နီးပါးဝင်ရောက်လာတာကို ကျော်လွန်သွားပြီး ၂၀၂၅ ခုနှစ်မှာ ခရီးသွား ၄၁ သန်းအထိ ဝင်ရောက်လာနိုင်ကြောင်း ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။
Ref: World Bank projects 2.9% growth for Thai economy in 2025
#PeopleMedia