၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် မြန်မာထမ်းဆောင်မည်မဟုတ်

PUBLISHED - August 16, 2023
နိုင်ငံတကာ၊ သြဂုတ် ၁၆
မြန်မာနိုင်ငံဟာ ပြည်တွင်းရေးအခြေအနေတွေနဲ့ တာဝန်ထမ်းဆောင်ဖို့ အသင့်မဖြစ်သေးတာကြောင့် ၂၀၂၆ ခုနှစ်မှာ ရောက်ရှိလာမယ့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်မှာမဟုတ်ကြောင်း သံတမန်အ သိုင်းအဝိုင်းရဲ့ပြောကြားချက်တွေအရ သိရပါတယ်။
၂၀၂၆ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို ဖိလစ်ပိုင်နိုင်ငံက ဆောင်ရွက်သွားမှာဖြစ်ပြီး မြန်မာနိုင်ငံက တော့ နောက်နှစ် ၂၀၂၇ ခုနှစ်မှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။
လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံကတော့ အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန်ကို အင်ဒိုနီးရှားနိုင်ငံထံက လွှဲပြောင်းရယူပြီး ၂၀၂၄ ခုနှစ်မှာ တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။ ၂၀၂၅ ခုနှစ်မှာတော့ မလေးရှားနိုင်ငံ က ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလက မြန်မာ့တပ်မတော်က အာဏာထိန်းသိမ်းလိုက်ပြီးနောက် နိုင်ငံရေး၊ စီးပွားရေးနဲ့ လူမှုရေးပြဿနာတွေကို ရင်ဆိုင်နေရပါတယ်။
မြန်မာ နစက အစိုးရဟာ PDF ခေါ် လက်နက်ကိုင်တော်လှန်ရေးအုပ်စုတွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တွေ၊ တခြားလက်နက်ကိုင်အဖွဲ့အမျိုးမျိုးနဲ့ ရင်ဆိုင်တိုက်ခိုက်နေရပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်အတွင်း နစက အစိုးရဟာ အရေးပေါ်ကာလကို နောက်ထပ်ခြောက်လ သက်တမ်းတိုးလိုက် သလို သြဂုတ်လမှာကျင်းပဖို့ စီစဉ်ထားတဲ့ရွေးကောက်ပွဲကိုလည်း ရွှေ့ဆိုင်းလိုက်ပါတယ်။
တပြိုင်တည်းမှာပဲ နစက အစိုးရဟာ ထောင်ဒဏ် ၃၃ နှစ်ချမှတ်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ် ၆ နှစ်လျှော့ချပေးခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ထားတဲ့ ပြစ်မှု ၁၉ မှုထဲက ငါးမှုကို လည်း လျှော့ပေးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာ ၂၀၀၆ ခုနှစ်တုန်းကလည်း အာဆီယံအလှည်ကျဥက္ကဋ္ဌတာဝန်ကို ပြည်တွင်းရေးအခြေအနေ တွေကြောင့် လာအိုနိုင်ငံကို လွှဲပြောင်းပေးခဲ့ဖူးပါတယ်။
Ref: Myanmar to skip Asean chair of 2026: Thai PBS
#PeopleMedia