• Follow Us on

Home (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပ

(၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ်လက်ခံကျင်းပ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၄

 

မြန်မာနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့်(၂၀)ကြိမ်မြောက် အာဆီယံလေတပ် ဦးစီးချုပ်များအစည်း အဝေး 20th ASEAN Air Chiefs Conference (20th AACC ) သို့ တက်ရောက်ရန် ဘရူနိုင်းနိုင်ငံ လေတပ် ဦးစီးချုပ် Brig. Gen. (U) Dato Seri Pahlawan Mohammad Sharif Bin Dato Paduka Haji Ibrahim ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့၊ ကမ္ဘောဒီးယားနိုင်ငံလေတပ်ဦးစီးချုပ် Gen. Soeung Samnang ဦးဆောင် သောကိုယ်စားလှယ် အဖွဲ့၊ လာအိုနိုင်ငံလေတပ်ဦးစီးချုပ် Brig. Gen. Khamlek Sengphachanh ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့၊ ထိုင်းနိုင်ငံလေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့နှင့် ဗီယက်နမ်နိုင်ငံလေတပ်ဦးစီးချုပ် Lt. Gen. Nguyen Van Hien ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့တို့သည် စက်တင်ဘာလ ၁၂ ရက်နေ့တွင် နေပြည်တော်သို့ ရောက်ရှိလာခဲ့ကြသည်။

 

ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်က အစည်းအဝေးသို့ တက်ရောက်လာသည့် ဘရူနိုင်း နိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များအား အဆိုပါနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ M Gallery ဟိုတယ်၌ တစ်နိုင်ငံချင်းစီ လက်ခံတွေ့ဆုံဆွေးနွေးခဲ့ရာ အာဆီယံလေတပ်ဖွဲ့များအကြား ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။

 

စက်တင်ဘာလ ၁၃ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် ဒုတိယအကြိမ် လက်ခံကျင်းပသည့် (၂၀) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များ အစည်းအဝေး(20thAACC)ကို နေပြည်တော်၊ မြန်မာ အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန(၁)ရှိ ပတ္တမြားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ထို့နောက် ဆွေးနွေးပွဲခေါင်းစဉ် ဖြစ်သော “ASEAN Air Forces’ Cooperation for Sustainable Environment “အကြောင်းအရာအား အိမ်ရှင်မြန်မာနိုင်ငံအပါအဝင် တက်ရောက်လာသည့် ဘရူနိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ လေတပ်ဦးစီးချုပ်များက အသီးသီးဆွေးနွေးခဲ့ကြပြီး ဖိလစ်ပိုင် နိုင်ငံနှင့် စင်္ကာပူနိုင်ငံလေတပ်ဦးစီးချုပ်များက Video Message ပေးပို့၍ ပါဝင်ဆွေးနွေးခဲ့ကြသည်။

 

(၁၁) ကြိမ်မြောက် အာဆီယံလေတပ်ဦးစီးချုပ်များအစည်းအဝေး (11th AACC) အား ၂၀၁၄ ခုနှစ်၊ စက်တင် ဘာလ ၂၄ ရက်‌နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံက ပထမအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပြီး၊ ယခု ကျင်းပသည့် အစည်းအဝေးသည် ဒုတိယအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post