၂၁ ရာစုပင်လုံ သုံးကြိမ် ကျင်းပနိုင်ခဲ့ပေမယ့် တိုးတက်မှုမရှိခဲ့ဟု ဗိုလ်ချုပ်ကြီးယွက် စစ်ပြောဆို
PUBLISHED - May 15, 2019
လက်ရှိအစိုးရလက်ထက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံ အစည်းအဝေး သုံးကြိမ် ကျင်း ပနိုင်ခဲ့ပေမယ့် တိုးတက်မှုမရရှိခဲ့ဘူးလို့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်က ပြောဆိုလိုက်ပါတယ်။
NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်း အဝေးကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့စတင်ကျင်းပနေပါတယ်။ အဲဒီအစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးယွက်စစ်က အဖွင့်မိန့်ခွန်းပြောကြားရာမှာ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/447488416062352/