၂၁ ရာစု၏ အေရးႀကီးေသာလုပ္ငန္းတိုင္းကို လက္ဝါးႀကီးအုပ္ရန္ ႀကိဳးစားေနဟု တ႐ုတ္ကို အေမရိကန္အမ်ိဳး သားလံုၿခံဳေရးအႀကံေပးစြပ္စြဲ

PUBLISHED - October 22, 2020
ဝါ႐ွင္တန္၊ ေအာက္တိုဘာ ၂၂
၂၁ ရာစု၏အေရးႀကီးေသာလုပ္ငန္းတိုင္းကို လက္ဝါးႀကီးအုပ္ရန္ႀကိဳးစားေနၿပီး COVID-19 ေရာဂါကာ ကြယ္ေဆးသုေတသနအခ်က္အလက္မ်ားကိုလည္း ခိုးယူရန္ႀကိဳးစားေနသည္ဟု တ႐ုတ္ႏိုင္ငံကို အေမရိကန္သမၼတ ေဒၚနယ္ ထရမ့္၏ အမ်ိဳးသားလံုၿခံဳေရးအၾကံေပးပုဂၢိဳလ္ ေရာဘတ္ အိုဘ႐ိုင္ယန္က ဗုဒၶဟူးေန႔တြင္ စြပ္စြဲသည္။
တ႐ုတ္ႏိုင္ငံသည္ အေမရိကန္၏အဓိကၿပိဳင္ဘက္ဟု ထရမ့္ကေျပာထားၿပီး တ႐ုတ္ကြန္ျမဴနစ္ပါတီသည္ ကုန္သြယ္ေရးတြင္ အက်ိဳးအျမတ္ယူထားေၾကာင္း၊ ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ပ်ံ႕ႏွံ႔မႈကို ထုတ္ေျပာမထား ေၾကာင္းလည္း စြပ္စြဲထားသည္။
တ႐ုတ္သည္ သူ႔ႏိုင္ငံသားမ်ားကိုပင္ဖိႏွိပ္ေနသည့္ အျမတ္ႀကီးစားအာဏာ႐ွင္ျဖစ္ၿပီး အိမ္နီးခ်င္းမ်ားႏွင့္ အေနာက္မွအင္အားႀကီးႏိုင္ငံမ်ားကို အတင္းအၾကပ္စီးမိုးႏိုင္ရန္ႀကိဳးစားေနေၾကာင္း အိုဘ႐ိုင္ယန္က အေမရိကန္ႏွင့္ၿဗိတိန္ေထာက္လွမ္းေရးအရာ႐ွိမ်ားကို အသိေပးသည္။
သမၼတ ႐ွီက်င့္ပင္ အုပ္ခ်ဳပ္မႈေအာက္တြင္႐ွိေနသည့္တ႐ုတ္ႏိုင္ငံက အထူးသျဖင့္အေမရိကန္အပါအ၀င္ အေနာက္ႏိုင္ငံမ်ားသည္ တ႐ုတ္မုန္းသည့္စိတ္ေရာဂါ၊ ကိုလိုနီအေတြးအေခၚမ်ားႏွင့္ တ႐ုတ္ႏိုင္ငံသည္ စီးပြားေရးအင္အားဒုတိယအႀကီးဆံုးႏိုင္ငံျဖစ္လာသည့္အတြက္ေဒါသထြက္ေနျခင္းမ်ားျဖင့္ ဖမ္းစားခံေန ရေၾကာင္းေျပာထားသည္။
ၿပီးခဲ့သည့္ႏွစ္ ၄၀ အတြင္းတ႐ုတ္ႏိုင္ငံ၏စီးပြားေရးႏွင့္စစ္ေရးအင္အားႀကီးလာျခင္းသည္ ၁၉၉၁ ခုႏွစ္တြင္ ဆိုဗီယက္ျပည္ေထာင္စုၿပိဳကြဲၿပီးစစ္ေအးကာလၿပီးဆံုးျခင္းႏွင့္အတူ အေရးအႀကီးဆံုးပထဝီႏိုင္ငံေရးျဖစ္ရပ္အျဖစ္ စဥ္းစားေနၾကသည္။
၁၉၇၉ ခုႏွစ္တြင္ တ႐ုတ္စီးပြားေရးသည္ အီတလီထက္ပိုေသးငယ္ၿပီး ေနာက္ပိုင္းတြင္ ႏိုင္ငံျခားရင္း ႏွီးႁမွဳပ္ႏွံမႈမ်ားလက္ခံရန္တံခါးဖြင့္ၿပီး ေစ်းကြက္ျပဳျပင္ေျပာင္းလဲမႈမ်ားမိတ္ဆက္ခဲ့သည့္ေနာက္ပိုင္း ကမာၻ႔ဒုတိယစီးပြားေရးအင္အားအႀကီးဆံုးႏိုင္ငံျဖစ္လာသည္။
ထို႔အျပင္ ၂၁ ရာစုနည္းပညာမ်ားျဖစ္ေသာ ဉာဏ္ရည္တု၊ ျပန္လည္သန္စြမ္းေစသည့္ေဆးဝါးႏွင့္ ဓာတ္ကူးႏိုင္သည့္ေပၚလီမာတို႔ကဲ့သို႔ေသာနည္းပညာမ်ားတြင္ ကမာၻ႔ထိပ္တန္းေခါင္းေဆာင္ျဖစ္ေနသည္။
Ref : Trump’s security adviser Robert O’Brien accuses China of stealing COVID-19 vaccine research
#PeopleMedia
(unicode)
၂၁ ရာစု၏ အရေးကြီးသောလုပ်ငန်းတိုင်းကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေဟု တရုတ်ကို အမေရိကန်အမျိုး သားလုံခြုံရေးအကြံပေးစွပ်စွဲ
……………………………………………………
ဝါရှင်တန်၊ အောက်တိုဘာ ၂၂
၂၁ ရာစု၏အရေးကြီးသောလုပ်ငန်းတိုင်းကို လက်ဝါးကြီးအုပ်ရန်ကြိုးစားနေပြီး COVID-19 ရောဂါကာ ကွယ်ဆေးသုတေသနအချက်အလက်များကိုလည်း ခိုးယူရန်ကြိုးစားနေသည်ဟု တရုတ်နိုင်ငံကို အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ် အိုဘရိုင်ယန်က ဗုဒ္ဓဟူးနေ့တွင် စွပ်စွဲသည်။
တရုတ်နိုင်ငံသည် အမေရိကန်၏အဓိကပြိုင်ဘက်ဟု ထရမ့်ကပြောထားပြီး တရုတ်ကွန်မြူနစ်ပါတီသည် ကုန်သွယ်ရေးတွင် အကျိုးအမြတ်ယူထားကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုကို ထုတ်ပြောမထား ကြောင်းလည်း စွပ်စွဲထားသည်။
တရုတ်သည် သူ့နိုင်ငံသားများကိုပင်ဖိနှိပ်နေသည့် အမြတ်ကြီးစားအာဏာရှင်ဖြစ်ပြီး အိမ်နီးချင်းများနှင့် အနောက်မှအင်အားကြီးနိုင်ငံများကို အတင်းအကြပ်စီးမိုးနိုင်ရန်ကြိုးစားနေကြောင်း အိုဘရိုင်ယန်က အမေရိကန်နှင့်ဗြိတိန်ထောက်လှမ်းရေးအရာရှိများကို အသိပေးသည်။
သမ္မတ ရှီကျင့်ပင် အုပ်ချုပ်မှုအောက်တွင်ရှိနေသည့်တရုတ်နိုင်ငံက အထူးသဖြင့်အမေရိကန်အပါအဝင် အနောက်နိုင်ငံများသည် တရုတ်မုန်းသည့်စိတ်ရောဂါ၊ ကိုလိုနီအတွေးအခေါ်များနှင့် တရုတ်နိုင်ငံသည် စီးပွားရေးအင်အားဒုတိယအကြီးဆုံးနိုင်ငံဖြစ်လာသည့်အတွက်ဒေါသထွက်နေခြင်းများဖြင့် ဖမ်းစားခံနေ ရကြောင်းပြောထားသည်။
ပြီးခဲ့သည့်နှစ် ၄၀ အတွင်းတရုတ်နိုင်ငံ၏စီးပွားရေးနှင့်စစ်ရေးအင်အားကြီးလာခြင်းသည် ၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးစစ်အေးကာလပြီးဆုံးခြင်းနှင့်အတူ အရေးအကြီးဆုံးပထဝီနိုင်ငံရေးဖြစ်ရပ်အဖြစ် စဉ်းစားနေကြသည်။
၁၉၇၉ ခုနှစ်တွင် တရုတ်စီးပွားရေးသည် အီတလီထက်ပိုသေးငယ်ပြီး နောက်ပိုင်းတွင် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများလက်ခံရန်တံခါးဖွင့်ပြီး စျေးကွက်ပြုပြင်ပြောင်းလဲမှုများမိတ်ဆက်ခဲ့သည့်နောက်ပိုင်း ကမ္ဘာ့ဒုတိယစီးပွားရေးအင်အားအကြီးဆုံးနိုင်ငံဖြစ်လာသည်။
ထို့အပြင် ၂၁ ရာစုနည်းပညာများဖြစ်သော ဉာဏ်ရည်တု၊ ပြန်လည်သန်စွမ်းစေသည့်ဆေးဝါးနှင့် ဓာတ်ကူးနိုင်သည့်ပေါ်လီမာတို့ကဲ့သို့သောနည်းပညာများတွင် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်ဖြစ်နေသည်။
Ref : Trump’s security adviser Robert O’Brien accuses China of stealing COVID-19 vaccine research
#PeopleMedia