၂၄ နာရီတစ်ဆက်တည်းပျံသန်းနိုင်တဲ့ Hermes 650 Spark ဒရုန်း အဲလ်ဘစ်ကုမ္ပဏီထုတ်ဖော်ပြသ
PUBLISHED - February 23, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၃
မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နိုင်ဖို့အတွက် Elbit Systems (အဲလ်ဘစ်ကုမ္ပဏီ) က ၎င်းတို့ရဲ့ Hermes 650 Spark နည်းဗျူဟာဒရုန်းအသစ်ကို ထုတ်ဖော်ပြသလိုက်ပါတယ်။
၂၀၂၄ စင်္ကာပူလေကြောင်းပြပွဲမှာ အမြင့်ပေ အလယ်အလတ်/ တာဝေးပျံသန်းနိုင်ငံပြီး အင်ဂျင်ကို ဦးခေါင်းပိုင်း မှာတပ်ဆင်ထားတဲ့ တမူထူးခြားတဲ့ Hermes 650 Spark ဒရုန်းကို ခင်းကျင်းပြသခဲ့ပါတယ်။
ဒီဒရုန်းဟာ တစ်နာရီကို ရေမိုင် ၁၂၀ (တစ်နာရီကို ၂၂၂ ကီလိုမီတာ/၁၃၈ မိုင်) ပျံသန်းနိုင်တယ်လို့ ဆိုပါတယ်။ တစ်ဆက်တည်း အနည်းဆုံး ၂၄ နာရီပျံသန်းနိုင်တဲ့စွမ်းရည်ဟာလည်း ဒရုန်းရဲ့ထူးခြားချက်ဖြစ်ကြေင်း Elbit Systems ရဲ့ ဒုတိယဥက္ကဋ္ဌ ဇစ်ဗ်အက်ဗ်နီကပြောပါတယ်။
Hermes 650 Spark ဒရုန်းဟာ ဂြိုဟ်တုဆက်သွယ်ရေးစနစ်ကို အသုံးပြုထားတဲ့အတွက် သတ်မှတ်တဲ့နေရာက နေ လေယာဉ်တက်ပြီး ၂၄ နာရီကြာ တစ်ဆက်တည်းပံျသန်းပြီးနောက် တခြားလိုအပ်တဲ့နေရာတစ်နေရာရာမှာ ပြန်လည်ဆင်းသက်နိုင်တယ်လု့ိ ဆိုပါတယ်။
နောက်ထပ်အရေးကြီးတဲ့အချက်ကတော့ ဒီဒရုန်းအမျိုးအစားဟာ လေယာဉ်ပျံသန်းမှုကို ထိန်းညှိစရာမလိုဘဲ အလေးချိန် ၁၂၀ ကီလိုဂရမ် (၂၆၄ ပေါင်) ကို သယ်ဆောင်နိုင်စွမ်းရှိပါတယ်။
Elbit Systems ဟာ Hermes အုပ်စုဝင်ဖြစ်တဲ့ Hermes 450 ဒရုန်းနဲ့ Hermes 900 ဒရုန်းတို့ကို ထုတ်လုပ်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ Hermes 650 Spark ဒရုန်းဟာ ဒီကနေ့အထိ ထုတ်လုပ်ခဲ့တဲ့ တခြားဒရုန်းတွေနဲ့မတူဘဲ တမူထူးခြားတဲ့ ဒရုန်းဖြစ်တယ်လို့ ဇစ်ဗ်အက်ဗ်နီကပြောပါတယ်။
Hermes 650 Spark ဒရုန်းဟာ တစ်သက်တာပြုပြင်ထိန်းသိမ်းစရိတ် သက်သာတဲ့အပြင် ဘေးကင်းလုံခြုံမှု၊ ရှင် သန်မှုနဲ့ အကြမ်းခံနိုင်မှု စံနှုန်းအမြင့်မားဆုံးဖြစ်တဲ့ စွမ်းရည်ရှိတဲ့ မောင်းသူမဲ့လေယာဉ်ဖြစ်တယ်လို့ ဆိုပါတယ်။
စစ်ဆင်ရေးမျိုးစုံဆောင်ရွက်နိုင်ဖို့အတွက် Hermes 650 Spark ဒရုန်းမှာ အဆင့်မြင့် အီလက်ထရိုကင်မရာ၊ ရေဒါ၊ ဆက်သွယ်ရေးထောက်လှမ်းရေးစနစ်နဲ့ ခေတ်မီနည်းပညာတွေ ပေါင်းစပ်တပ်ဆင်ထားပါတယ်။
Hermes 650 Spark ဒရုန်းကို ထုတ်ဖော်ပြသလိုက်တာဟာ အဲလ်ဘစ်ကုမ္ပဏီအတွက် အရေးကြီးတဲ့ သမိုင်း မှတ်တိုင်တစ်ရပ်ဖြစ်ကြောင်း Elbit Systems ရဲ့အထွေထွေမန်နေဂျာ ယိုရမ်ရှမလီက ပြောပါတယ်။
Ref: Elbit Introduces Hermes 650 Spark Drone with 24-Hour Endurance
#PeopleMedia