၂၄ နာရီအတြင္း အိႏၵိယရဲ ၉၃ ဦး Covid-19 ကူးစက္ခံရ
PUBLISHED - June 1, 2020
၂၀၂၀၊ ဇြန္ ၁
အိႏၵိယႏိုင္ငံ၊ မဟာရတ္ရွ္ထရာျပည္နယ္၌ ၿပီးခဲ့ေသာ ၂၄ နာရီအတြင္း ရဲတပ္ဖြဲ႕ ၉၃ ဦး Covid-19 ကူးစက္ခံခဲ့ ရေၾကာင္း ျပည္နယ္ရဲတပ္ဖြဲ႕က ေျပာၾကားသည္။
ထို ၉၃ ဦးထဲမွ ရွစ္ဦးသည္ အရာရွိမ်ားျဖစ္သည္။ မဟာရတ္ရွ္ထရာျပည္နယ္၌ လက္ရွိ Covid-19 ေရာဂါ ကူး စက္ခံရသည့္ ရဲတပ္ဖြဲ႕ဝင္အေရအတြက္ စုစုေပါင္းမွာ ၂၅၀၉ ဦးျဖစ္ၿပီး ရဲတပ္ဖြဲ႕ဝင္ ၂၇ ဦး ေသဆုံးခဲ့ၿပီဟု သိ ရသည္။
မဟာရတ္ရွ္ထရာျပည္နယ္၌ ဗိုင္းရပ္စ္ကူးစက္မႈျမင့္တက္ေနဆဲျဖစ္ရာ ဓာတ္ခြဲအတည္ျပဳ ကူးစက္မႈ စုစုေပါင္း ၆၇၆၅၅ အထိ ေရာက္ရွိလာခဲ့ၿပီျဖစ္သည္။
အိႏၵိယႏိုင္ငံတြင္ Covid-19 ေရာဂါ ဓာတ္ခြဲအတည္ျပဳလူနာ ၁၉၁၀၀၀ ေက်ာ္၊ ပိုးကင္းစင္သူ ၉၁၈၁၉ ဦးႏွင့္ ေသဆုံးသူ ၅၃၉၄ ဦးရွိေၾကာင္း သိရသည္။
ကိုးကား ။ ။ ေအအင္န္အိုင္နယူးစ္
Ref; 93 more Maharashtra police personnel test positive for COVID-19
#PeopleMedia
(unicode)
၂၄ နာရီအတွင်း အိန္ဒိယရဲ ၉၃ ဦး Covid-19 ကူးစက်ခံရ
……………………………………………
၂၀၂၀၊ ဇွန် ၁
အိန္ဒိယနိုင်ငံ၊ မဟာရတ်ရှ်ထရာပြည်နယ်၌ ပြီးခဲ့သော ၂၄ နာရီအတွင်း ရဲတပ်ဖွဲ့ ၉၃ ဦး Covid-19 ကူးစက်ခံခဲ့ ရကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ပြောကြားသည်။
ထို ၉၃ ဦးထဲမှ ရှစ်ဦးသည် အရာရှိများဖြစ်သည်။ မဟာရတ်ရှ်ထရာပြည်နယ်၌ လက်ရှိ Covid-19 ရောဂါ ကူး စက်ခံရသည့် ရဲတပ်ဖွဲ့ဝင်အရေအတွက် စုစုပေါင်းမှာ ၂၅၀၉ ဦးဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂၇ ဦး သေဆုံးခဲ့ပြီဟု သိ ရသည်။
မဟာရတ်ရှ်ထရာပြည်နယ်၌ ဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်နေဆဲဖြစ်ရာ ဓာတ်ခွဲအတည်ပြု ကူးစက်မှု စုစုပေါင်း ၆၇၆၅၅ အထိ ရောက်ရှိလာခဲ့ပြီဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် Covid-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ ၁၉၁၀၀၀ ကျော်၊ ပိုးကင်းစင်သူ ၉၁၈၁၉ ဦးနှင့် သေဆုံးသူ ၅၃၉၄ ဦးရှိကြောင်း သိရသည်။
ကိုးကား ။ ။ အေအင်န်အိုင်နယူးစ်
Ref; 93 more Maharashtra police personnel test positive for COVID-19