• Follow Us on
Latest News

Home ၂၅ နှစ်အတွင်း အမေရိကန်စစ်တပ်အပေါ် လူထုယုံကြည်မှု အနိမ့်ဆုံးကျဆင်း

၂၅ နှစ်အတွင်း အမေရိကန်စစ်တပ်အပေါ် လူထုယုံကြည်မှု အနိမ့်ဆုံးကျဆင်း

Share this post

နိုင်ငံတကာ၊ သြဂုတ် ၃

 

အမေရိကန်နိုင်ငံက ယူကရိန်းစစ်ပွဲအတွက် ဆက်လက်ထောက်ပံ့နေတဲ့ကြားက အနှစ်နှစ်ဆယ်ကျော်ကာလအ တွင်း အမေရိကန်စစ်တပ်နဲ့ပတ်သက်ပြီး လူထုယုံကြည်မှုဟာ အနိမ့်ဆုံးအဆင့်ကိုထိုးကျနေကြောင်း မကြာသေး ခင်ကပြုလုပ်ခဲ့တဲ့စစ်တမ်းတစ်ခုအရ သိရပါတယ်။

 

ယူကရိန်းနိုင်ငံရဲ့ လေကြောင်းရန်ကာကွယ်ရေးစွမ်းရည်ကိုမြှင့်တင်ဖို့အတွက် အမေရိကန်အစိုးရက ယူကရိန်း နိုင်ငံကို လုံခြုံရေးထောက်ပံ့မှုအဖြစ် ဒေါ်လာ ၁.၂ ဘီလျံထပ်မံထောက်ပံ့မယ်လို့ ကြေညာလိုက်ပြီး သီတင်းပတ် အနည်းငယ်အကြာမှာ အမေရိကန်သုတေသနကုမ္ပဏီတစ်ခုဖြစ်တဲ့ ဂါးလပ်ကုမ္ပဏီ (Gallup) က ဇွန်လ ၁ ရက် နေ့ကနေ ၂၂ ရက်နေ့အထိ သုတေသနစစ်တမ်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။

 

စစ်တမ်းမှာပါဝင်ခဲ့တဲ့ အမေရိကန်လူမျိုး ၁၀၁၃ ဦးအနက် ၆၀ ရာခိုင်နှုန်းကပဲ အမေရိကန်တပ်မတော်ကို ယုံ ကြည်မှုကြီးကြီးမားမားရှိကြောင်း ဒါမှမဟုတ် အသင့်အတင့်ယုံကြည်မှုရှိကြောင်း ဖော်ပြခဲ့တယ်လို့ဆိုပါတယ်။

 

အခုပြုလုပ်ခဲ့တဲ့စစ်တမ်းအရ ရရှိခဲ့တဲ့အဖြေဟာ ၂၀၁၈ ခုနှစ်အတွင်း အမေရိကန်တပ်မတော်ကရရှိခဲ့တဲ့ ၇၄ ရာ ခိုင်နှုန်းထောက်ခံမှုထက် သိသိသာသာလျော့ကျသွားတာဖြစ်ပါတယ်။

 

စစ်တပ်ကို ၆၀% ကပဲအယုံအကြည်ရှိတယ်ဆိုတာဟာ ၁၉၉၇ ခုနှစ်ကနေ ကျဆင်းလာတဲ့ယုံကြည်မှုရဲ့နောက် ဆုံးအဖြေဖြစ်တယ်လို့ အီရန်ဓားစာခံအရေးအခင်းအပြီး ၁၉၈၁ ခုနှစ် တစ်ချိန်လုံးယုံကြည်မှုကျဆင်းခဲ့တာကို ကိုးကားပြီး ဂါးလပ်ကုမ္ပဏီက ပြောပါတယ်။

 

သုတေသနရလဒ်အရလျော့ကျလာပေမဲ့လည်း အမေရိကန်တပ်မတော်ဟာ အမေရိကန်တွေယုံကြည်အားထား မှုအရှိဆုံး အင်စတီကျူးရှင်းတွေထဲက တစ်ခုအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပါတယ်။

 

အမေရိကန်စစ်တပ်အပေါ် ယုံကြည်မှုကျဆင်းလာတာဟာ ဒီမိုကရက်တွေထက် ရီပတ်ဘလီကန်တွေကြားမှာ ပိုမိုကျဆင်းကြောင်း ဂါးလပ်ကုမ္ပဏီက ပြောပါတယ်။

 

အမေရိကန်စစ်တပ်အပေါ် ယုံကြည်မှုကျဆင်းလာတာဟာ နိုင်ငံရေးအကြောင်းတရားတွေက အဓိကအ ကြောင်းရင်းတစ်ရပ်ဖြစ်တယ်လို့ ရီပတ်ဘလီကန်ရော ဒီမိုကရက်တွေကပါ မှတ်ယူထားကြကြောင်း ရီဂင် အင်စတီကျုက ပြောပါတယ်။

 

အနှစ်နှစ်ဆယ်အတွင်း အမေရိကန်စစ်တပ်အပေါ် လူထုယုံကြည်မှုကျဆင်းခဲ့ရတဲ့ ဖြစ်နိုင်ခြေအကြောင်းရင်းတွေ ကိုလည်း စစ်ရေးသတင်းတွေရေးသားနေတဲ့မီဒီယာသုံးလေးခုက ကိုးကားရေးသားခဲ့ပါတယ်။

 

အာဖဂန်နစ္စတန်ကနေ အမေရိကန်တပ်ဖွဲ့ဝင်တွေ ပြန်လည်ဆုတ်ခွာလာခဲ့ပြီးနောက် အမေရိကန်တပ်ဖွဲ့တွေဟာ လူထုယုံကြည်မှု ပြန်လည်ရရှိဖို့ တောက်လျှောက်ကြိုးစားရုန်းကန်နေရတယ်လို့ Military.com က ရေးသားထား ပါတယ်။

 

၁၅၅ မမ အမြောက်ကျည်တွေထုတ်လုပ်ရာမှာ ဆက်လက်နောက်ကျကျန်ရစ်နေတဲ့အတွက် အမေရိကန် စစ် တပ်ဟာ ခဲယမ်းထောက်ပံ့မှုအလွန်အကျွံနည်းပါးနေတဲ့ဒဏ်ကိုလည်း ခံစားနေရတယ်လို့ဆိုပါတယ်။

 

“၂၀၀၁ ခုနှစ်မှာ အမေရိကန်နိုင်ငံအပေါ် အကြမ်းဖက်တိုက်ခိုက်မှုကြောင့်ဖြစ်ပေါ်လာတဲ့ အထင်ရှားဆုံး စစ်ရေး ဆိုင်ရာ အမွေဆက်ခံခဲ့ရတဲ့အခြေအနေနှစ်ခုဖြစ်တဲ့ အီရတ်ကရော အာဖဂန်နစ္စတန်ကပါ အပြီးတိုင် ပြန်လည် ဆုတ်ခွာလာခဲ့ကြပြီမို့လို့ လူထုကြားမှာ အမေရိကန်စစ်တပ်ကို ယုံကြည်မှုတွေဟာ ဆက်လက်ကျဆင်းလာခဲ့ တာာဖြစ်ပါတယ်။” လို့ ဂါးလပ်ကုမ္ပဏီက ပြောပါတယ်။

 

Ref: Public Confidence in US Military Lowest in 25 Years: Poll

 

#PeopleMedia


Share this post