(၂၉) ကြိမ်မြောက်အောင်ဘာလေထီ ပုံမှန်အတိုင်းဆက်လက်ဖွင့်လှစ်မည်၊ ထီဖွင့်ရက် ရွှေ့ဆိုင်းကြောင်း လူမှုကွန်ယက်၌ ရေးသားနေမှုများသည် သတင်းအမှားသာဖြစ်

PUBLISHED - July 29, 2021
ရန်ကုန်၊ ဇူလိုင် ၂၉ (People Media)
(၂၉) ကြိမ်မြောက် အောင်ဘာလေထီ ဖွင့်လှစ်မှုကို လာမယ့် သြဂုတ်လ (၁) ရက်နေ့မှာ ပုံမှန်အတိုင်း ဆက် လက်ဖွင့်လှစ်သွားမယ်လို့ ပြည်တွင်းအခွန်ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က People Media ကို ပြောပါတယ်။
လက်ရှိ အွန်လိုင်းမီဒီယာတစ်ချို့နှင့် လူမှုကွန်ယက်၌ ဇူလိုင်လ၌ ထီရောင်းအားနည်းတဲ့အတွက် (၂၉) ကြိမ် မြောက် အောင်ဘာလေထီကို ရပ်နားလိုက်ရတယ်လို့ ရေးသာမှုတွေ ရှိနေပါတယ်။ ထိုကဲ့သို့ ရေးသားမှုသည် မှန်ကန်မှုမရှိဘဲ သတင်းအမှားလည်း ဖြစ်ပါတယ်။
“ဒီလအတွက် အောင်ဘာလေထီရပ်တယ်ဆိုတာ မဟုတ်ပါဘူး။ ပုံမှန်အတိုင်း ထွက်မှာပါ” လို့ ပြည်တွင်း အခွန်ဦးစီးဌာနက ညွန်ကြားရေးမှူးချုပ်ဦးမင်းထွဋ်က People Media ကို ပြောပါတယ်။
ပြီးခဲ့တဲ့လတစ်ချို့အတွင်း ထီထိုးသူလျော့ကျသွားတဲ့အတွက် ထီဖွင့်ရက် ရွှေ့ဆိုင်းခဲ့ရမှုတွေရှိခဲ့ပေမယ့် နောက် ပိုင်းမှာတော့ လစဉ်ပုံမှန်ဖွင့်လှစ်နိုင်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့လတွင် အောင်ဘာလေထီ ကျပ် ၁၀၀၀ တန်ထီလက်မှတ်ရောင်းချမှုပေါ်မူတည်ပြီး အမြင့်ဆုံး ဆုကြေး ငွေ ငွေကျပ်သိန်းငါးထောင် သတ်မှတ်ချီးမြှင့်ခဲ့ပါတယ်။
#PeopleMedia #အောင်ဘာလေထီ
(unicode)
…………………………………………………