၂ ႏွစ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါၿပီးဆံုးႏိုင္သည္ဟု WHO ေျပာ

PUBLISHED - August 22, 2020
ဂ်ီနီဗာ၊ ၾသဂုတ္ ၂၂
၂ ႏွစ္အတြင္း ကို႐ိုနာဗိုင္းရပ္စ္ကမာၻ႔ကပ္ေရာဂါၿပီးဆံုးမည္ဟု ေမွ်ာ္လင့္ေၾကာင္း ကမာၻ႔က်န္းမာေရးအဖြဲ႔ WHO ၫႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာ တက္ဒ႐ို႕စ္ အက္ဟာႏြန္ ဂီဘရီးယီဆပ္စ္ကေျပာသည္။
သို႔ေသာ္ လက္႐ွိနည္းပညာအားသာခ်က္မ်ားေၾကာင့္ ဗိုင္းရပ္စ္ကိုရပ္တန္႔ႏိုင္မည့္အခ်ိန္ပိုတိုႏိုင္ေၾကာင္းလည္း သူကေျပာသည္။
“ပိုၿပီးထိစပ္ေနမယ္ဆိုရင္ ပ်ံ႕ႏွံ႔ဖို႔ အခြင့္အေရးလည္းပိုမ်ားပါတယ္။ ဒါေပမဲ့ တစ္ခ်ိန္တည္းမွာပဲ ကၽြန္ေတာ္တို႔မွာ အဲဒီဗိုင္းရပ္စ္ကိုရပ္တန္႔ဖို႔ နည္းပညာနဲ႔ အသိပညာေတြ႐ွိေနပါတယ္” ဟုသူကေျပာသည္။
၁၉၁၈ ခုႏွစ္က စပိန္တုပ္ေကြးေၾကာင့္ အနည္းဆံုးလူသန္း ၅၀ ေသဆံုးခဲ့သည္။
ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ေသဆံုးသူ ၈ သိန္းနီးပါး႐ွိေနၿပီး ကူးစက္ခံရသူ ၂၂.၇ သန္းေက်ာ္႐ွိေနသည္။
တစ္ကိုယ္ေရးကာကြယ္ေရးပစၥည္း PPE မ်ားႏွင့္စပ္လ်ဥ္းၿပီး အက်င့္ပ်က္ျခစားမႈမ်ားသည္ မႈခင္းျဖစ္ရပ္မ်ား
ျဖစ္ၿပီး လူသတ္မႈက်ဴးလြန္ေနျခင္းျဖစ္သည္ဟုလည္း ေဒါက္တာ တက္ဒ႐ို႕စ္က ႐ွဳတ္ခ်ခဲ့သည္။
Ref : Coronavirus pandemic could be over within two years – WHO head
#PeopleMedia
(unicode)
၂ နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါပြီးဆုံးနိုင်သည်ဟု WHO ပြော
…………………………………………………
ဂျီနီဗာ၊ ဩဂုတ် ၂၂
၂ နှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကမ္ဘာ့ကပ်ရောဂါပြီးဆုံးမည်ဟု မျှော်လင့်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ တက်ဒရို့စ် အက်ဟာနွန် ဂီဘရီးယီဆပ်စ်ကပြောသည်။
သို့သော် လက်ရှိနည်းပညာအားသာချက်များကြောင့် ဗိုင်းရပ်စ်ကိုရပ်တန့်နိုင်မည့်အချိန်ပိုတိုနိုင်ကြောင်းလည်း သူကပြောသည်။
“ပိုပြီးထိစပ်နေမယ်ဆိုရင် ပျံ့နှံ့ဖို့ အခွင့်အရေးလည်းပိုများပါတယ်။ ဒါပေမဲ့ တစ်ချိန်တည်းမှာပဲ ကျွန်တော်တို့မှာ အဲဒီဗိုင်းရပ်စ်ကိုရပ်တန့်ဖို့ နည်းပညာနဲ့ အသိပညာတွေရှိနေပါတယ်” ဟုသူကပြောသည်။
၁၉၁၈ ခုနှစ်က စပိန်တုပ်ကွေးကြောင့် အနည်းဆုံးလူသန်း ၅၀ သေဆုံးခဲ့သည်။
ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ သိန်းနီးပါးရှိနေပြီး ကူးစက်ခံရသူ ၂၂.၇ သန်းကျော်ရှိနေသည်။
တစ်ကိုယ်ရေးကာကွယ်ရေးပစ္စည်း PPE များနှင့်စပ်လျဉ်းပြီး အကျင့်ပျက်ခြစားမှုများသည် မှုခင်းဖြစ်ရပ်များ
ဖြစ်ပြီး လူသတ်မှုကျူးလွန်နေခြင်းဖြစ်သည်ဟုလည်း ဒေါက်တာ တက်ဒရို့စ်က ရှုတ်ချခဲ့သည်။
Ref : Coronavirus pandemic could be over within two years – WHO head
#PeopleMedia