(၃၀) ကြိမ်မြောက်မြန်မာ့တပ်မတော်ဆေးပညာနှီးနှောဖလှယ်ပွဲ အကြိုအလုပ်ရုံဆွေးနွေးပွဲ ဆက်လက်ကျင်းပ
PUBLISHED - September 28, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၈
(၃၀) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာနှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် တပ်မတော်ဆေးတက္ကသိုလ် သက်မဲ့ခန္ဓာအသုံး ပြုခွဲစိတ် လေ့ကျင့်ရေးခန်းမဆောင်၌ ဆက်လက်ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ တပ်မတော်ဆေးသုတေသနတပ် တပ်မှူး၊ တပ်မတော် ဆေးကက္ကသိုလ် အရိုးရောဂါ ပညာဌာန ပါမောက္ခ/ဌာနမှူး၊ တပ်မတော်မှအရိုး အထူးကုဆရာဝန်များ၊ အိန္ဒိယနိုင်ငံမှ လက်ပိုင်းဆိုင်ရာ ခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာမိုဟစ်ရှာမားနှင့် တပ်မတော်ဆေးတက္ကသိုလ်၊ ဆေးတက္ကသိုလ်(၁)၊ ဆေးတက္ကသိုလ်(၂)၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ်(မကွေး)တို့မှ အရိုးရောဂါပညာ ဆေးလက် တွေ့ပါရဂူနှင့် ဘွဲ့လွန်သင်တန်းသားများ တက်ရောက်ကြသည်။
Pre-Conference Workshopတွင် ပြည်တွင်း/ပြည်ပမှ အတွေ့အကြုံ ရင့်ကျက်သည့် ပါမောက္ခပညာရှင်ကြီး များမှ တက်ရောက်လာကြသူများအားလုံးကို ပြုပြင်အစားထိုး ခွဲစိတ်ကုသမှု နည်းစနစ်များ၊ အယူအဆ အတွေး အခေါ်ပိုင်းကို အခြေခံ၍ လက်တွေ့လုပ်ကိုင်နိုင်သည်အထိ သက်မဲ့ဆရာ (Silent Mentor) များကို အသုံးပြု၍ လက်တွေ့သရုပ်ပြသင်ကြားဆွေးနွေးခြင်းနှင့် Online မှတစ်ဆင့် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ အရိုးဆရာဝန်များ အား Webinar တွင် တိုက်ရိုက်ထုတ်လွှင့်၍ သင်ကြားမှုများ ၂ ရက်ကြာ ပြုလုပ်ခဲ့သည်။
ဤအလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပခြင်းအားဖြင့် မြန်မာ့တပ်မတော် ဆေးဝန်ထမ်းတပ်ဖွဲ့မှ အရိုးပါရဂူငယ်များ၊ ဘွဲ့လွန်ကျောင်းသားများနှင့် ကျန်းမာရေးဝန်ကြီး ဌာနအောက်ရှိ ဆေးတက္ကသိုလ်များမှ ဘွဲ့လွန်ကျောင်းသား/ ကျောင်းသူများအနေဖြင့် စစ်ဘက်နယ်ဘက်မှ ပါမောက္ခဆရာဝန်ကြီးများ၊ ပြည်ပမှ ပညာရှင်ကြီးများနှင့် တိုက်ရိုက်ထိတွေ့ သင်ကြားဆွေးနွေးနိုင်ခဲ့ပြီး သက်မဲ့ဆရာ (Silent Mentor) အသုံးပြုလက်တွေ့ လေ့ကျင့်နိုင် ခဲ့ခြင်းကြောင့် အရိုးရောဂါပညာ အစားထိုး ခွဲစိတ်ကုသမှုနယ်ပယ်အနေဖြင့် နိုင်ငံတကာအဆင့်သို့ တက်လှမ်း လာသော ကဏ္ဍတစ်ခုဖြစ်လာမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia