• Follow Us on
Latest News

Home ၃၀ မြောက်မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့၌ သုတေသနစာတမ်း ၄၈ စောင်အား ဖတ်ကြားတင်သွင်း

၃၀ မြောက်မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာနှီးနှောဖလှယ်ပွဲ ဒုတိယနေ့၌ သုတေသနစာတမ်း ၄၈ စောင်အား ဖတ်ကြားတင်သွင်း

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅

 

အကြိမ်(၃၀)မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ဒုတိယနေ့ကို ယမန်နေ့နံနက်ပိုင်း တွင် ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ(ခုတင် ၇၀၀)၊ ဇီဝကခန်းမနှင့် ဓာတ်ရောင်ခြည်နှင့် ကင်ဆာ ကုသဆောင်၌ ဆက်လက်ကျင်းပ ပြုလုပ်ခဲ့သည်။

 

မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် Clinicopathological Conference ၁ ခု ၊ Special Talk ၄ ခု၊ Clinical Session နှင့် အခြား Symposium ၁၃ ခုတို့အား ဆွေးနွေးခဲ့ကြသည်။

 

၎င်းအပြင် သုတေသနစာတမ်းများအဖြစ် သူနာပြုပညာ၊ မှုခင်းဆေးပညာ၊ ဆေးပညာသင်ကြားရေး၊ ဆေးဝါး ဗေဒ၊ အရိုးအထူးကုပညာ၊ ကိုယ်လက်အင်္ဂါ ပြန်လည်သန်စွမ်းရေး၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝဗေဒ၊ ဓာတ်မှန်ဗေဒ၊  ပြည်သူ့ကျန်းမာရေး၊ ကလေးအထူးကုပညာ၊ စိတ်ကျန်းမာရေး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည် ပင်း ခွဲစိတ်ကုပညာ၊ ရောဂါဗေဒ၊ ဇီဝကမ္မဗေဒနှင့် ကင်ဆာရောဂါ စသည့် ဘာသာရပ်ဆိုင်ရာ သုတေသနစာ တမ်း စုစုပေါင်း ၄၈ စောင်တို့အား ပါဝင် ဖတ်ကြားတင်သွင်းကြသည်။

 

ထို့ပြင် တက်ရောက်လာသူများက သိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာသုတေသီတို့မှ ရှင်းလင်း ဖြေကြားဆွေးနွေးကြပြီး ဒုတိယနေ့အစီအစဉ်များကို ညနေပိုင်းတွင်ရပ်နား၍ အောက်တိုဘာ ၅ ရက်တွင် ဆက်လက်ကျင်းပသွား မည်ဖြစ်ကြောင်း သိရှိရသည်။

 

နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူများအနေဖြင့် စုစုပေါင်း ၃၀၉ ဦး တက်ရောက်ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် တပ်မတော်ဆေးရုံ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်း ကျင်သူ(အရာရှိ)နှင့် သူနာပြု/ ကျွမ်းကျင်သူ စုစုပေါင်း ၁၁၆ ဦး တက်ရောက်ခဲ့ကြသည်။

 

#PeopleMedia


Share this post