• Follow Us on

Home (၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ကျင်းပမည်

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံ ကျင်းပမည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၄

 

(၅၃) ကြိမ်မြောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံကို ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ်- ၅၊ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီးဌာန(ရုံးချုပ်) ၌ ဇန်နဝါရီ ၂၀ ရက်မှ ၂၄ ရက်အထိ ကျင်းပသွားမည် ဖြစ်‌ကြောင်း သိရသည်။

 

သုတေသနညီလာခံတွင် ကျန်းမာသောဘဝပိုင်ဆိုင်ဖို့ ကျန်းမာရေးပြဿနာများဖော်ထုတ်ဖြေရှင်းကြပါစို့ – Moving Forward to a Healthy Lifestyle and Addressing Health Risk Behaviors ဟူသော ဆောင်ပုဒ်ဖြင့် ကျင်းပမည်ဖြစ်သည်။

 

ညီလာခံတွင် အခြေခံသုတေသနစာတမ်း (၂၇) စောင်၊ အသုံးချ သုတေသနစာတမ်း (၁၉) စောင်၊ ကျန်းမာရေးစနစ်သုတေသနစာတမ်း (၈) စောင်နှင့် သုတေသနပိုစတာ (၄၃) စောင်တို့ကို တင်သွင်း ဖတ်ကြားပြသသွားရန် စီစဉ်ထားရှိကြောင်း သိရသည်။

 

ညီလာခံသို့ ပြည်တွင်း၊ ပြည်ပမှ သုတေသီများတက်ရောက်ကြမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ လေးခုနှင့် ဟောပြောပွဲတစ်ခုတို့ကိုလည်း ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

(၅၂) ကြိမ်မြောက် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာသုတေသနညီလာခံကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့တွင် ဆေးသုတေသနဦးစီးဌာန၌ ကျင်းပခဲ့သည်။

 

#PeopleMedia


Share this post