• Follow Us on
Latest News

Home ၅၉ (စ) ပြင်ဆင်ရေး ကာကွယ်ခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသားအစည်းအရုံးမှ သွားရောက်ကြိုဆို


Share this post

ရန်ကုန်၊ မတ် – ၂၀





#PeopleMedia

(Unicode)
၅၉ (စ) ပြင်ဆင်ရေး ကာကွယ်ခဲ့သည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအား မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသားအစည်းအရုံးမှ သွားရောက်ကြိုဆို
…………………………………………………………………

ရန်ကုန်၊ မတ် – ၂၀

ယနေ့ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးအပြီးတွင် ဖွဲ့စည်းပုံပြင်ဆင်ရေး၌ သမ္မတဖြစ် ခွင့်အရည်အချင်း ပုဒ်မ ၅၉(စ)ပြင်ဆင်ရေးကို ကာကွယ်နိုင်ခဲ့သည့် တပ်တော်သားလွှတ်တော်ကိုယ်စားလှယ် များအား မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားအစည်းအရုံး(MNO)မှ နေပြည်တော်သို့ သွားရောက် ကြိုဆိုဂုဏ်ပြု ခဲ့ကြသည်။

ဒုတိယအကြိမ် ဖွဲ့စည်းပုံပြင်ဆင်သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် NLD ပါတီမှ ပြင်ဆင်ရန်လို လားသည့် ပုဒ်မ ၅၉(စ)အပါအဝင် တပ်မတော်အခန်းကဏ္ဍလျော့ချရေး ပုဒ်မများမှာလည်း ကိုယ်စားလှယ်မဲ ၇၅ ရာခိုင်နှုန်းမကျော်သည့်အတွက် မူလအတိုင်းသာထားရှိကြောင်း လွှတ်တော်မှ ဆုံးဖြတ်ခဲ့သည်။

NLD ပါတီအနေဖြင့် ပုဒ်မ ၅၉(စ)ကို မပြင်ဆင်နိုင်ခဲ့ခြင်းကြောင့် လာမည့်ရွေးကောက်ပွဲအနိုင်ရလျှင်လည်း နိုင်ငံ တော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သမ္မတဖြစ်ခွင့်ရှိမည်မဟုတ်ပေ။

MNO အဖွဲ့အစည်းသည် အမျိုးသားရေးလှုပ်ရှားသူများစုပေါင်း၍ ဖွဲ့စည်းထားသောအဖွဲ့ဖြစ်သည်။

#PeopleMedia


Share this post