(၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကိုဂုဏ်ပြုသောအားဖြင့် တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၄၈ ဦးတို့က စုပေါင်းသွေးလှူဒါန်း
PUBLISHED - September 29, 2023
နေပြည်တော်၊ စက်တင်ဘာ ၂၉
၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်တွင် ကျရောက်မည့် (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်ရှိ ဌာနကြီးများနှင့် တပ်ဖွဲ့များမှ တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်း ၂၄၈ ဦးတို့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ ဆေး ရုံကြီးနှင့် အမှတ်(၂) တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) တို့၌ တစ်ချိန်တည်း ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြ သည်။
အဆိုပါ ဂုဏ်ပြုသွေးလှူဒါန်းခဲ့ကြသည့် သွေးလှူရှင်တပ်ဖွဲ့ဝင်နှင့် စာရေးဝန်ထမ်းများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးစကားပြောကြားကာ သွေးလှူရှင်များကို အာဟာရဖြည့်စွက်စာများနှင့် အားဆေးများ ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ စက်တင်ဘာ ၂၉ ရက်တွင် နေပြည်တော် (ခုတင်-၁၀၀၀)ပြည်သူ့ဆေးရုံကြီး၌ တပ်ဖွဲ့ဝင်နှင့် စာရေး ဝန်ထမ်း(၁၇၃)ဦးတို့က ဂုဏ်ပြုသွေးလှူဒါန်းကြမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia