၆ ႏွစ္အ႐ြယ္ကေလးငယ္ကို အဓမၼျပဳက်င့္သတ္ျဖတ္ခဲ့သူကုိ SSPP လက္နက္ကုိင္အဖြဲ႕႔က ေသဒဏ္ခ်မွတ္

PUBLISHED - December 23, 2020
ရန္ကုန္၊ ဒီဇင္ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရွမ္းျပည္နယ္ေျမာက္ပိုင္း၊ သီေပါၿမိဳ႕နယ္ မန္ေနာင္ေက်း႐ြာအုပ္စုတြင္ အသက္ ၆ ႏွစ္အ႐ြယ္ ကေလးငယ္တစ္ဦး ကို အဓမၼျပဳက်င့္ သတ္ျဖတ္ခဲ့သူအား SSPP လက္နက္ကုိင္အဖြဲ႕က ေသဒဏ္ခ်မွတ္လိုက္သည္။
“ဒီျပစ္မႈကို ကြၽန္ေတာ္တို႔ အဖြဲ႕အစည္းအေနနဲ႔လည္း လက္မခံနိုင္ဘူး၊ ၿပီးေတာ့ လူ႔အသိုင္းအဝိုင္းမွာလည္း လက္မခံနိုင္တဲ့အေျခအေနေၾကာင့္ရယ္၊ ေနာက္ေနာင္ အဲ့လိုျပစ္မႈထပ္ၿပီး မက်ဴးလြန္ေအာင္ ေသဒဏ္ခ် မွတ္လိုက္တာပါ“ ဟု ရွမ္းျပည္တိုးတက္ေရးပါတီ(SSPP)ေျပာေရးဆိုခြင့္ရွိသူ ဗိုလ္မွဴး စိုင္းသန္းေအာင္က ေျပာသည္။
ၿပီးခဲ့သည့္ ဒီဇင္ဘာလ ၉ ရက္ေန႔တြင္ ဝမ္ႏြတ္ေက်း႐ြာေမ ဦးလုံးထြန္းႏွင့္ ေဒၚနန္းေတာင္တို႔၏ သမီးျဖစ္သူ အသက္(၆)ႏွစ္အ႐ြယ္ နန္းလယုံးအား အိမ္မွာရွိေနစဥ္ ႐ြာအနီး ေနထိုင္သူ အိုက္ေစာ့(၃ဝ ႏွစ္)မွာ ေနအိမ္သို႔ ေရာက္ရွိလာၿပီး ကေလးငယ္အား အတင္းအဓမၼဖမ္းခ်ဳပ္ကာ ႐ြာအေရွ႕ဘက္ခ်ဳံထဲတြင္ မုဒိန္းျပဳက်င့္ၿပီး သတ္ ျဖတ္ကာ လွ်ိဳေျမာင္အတြင္းသို႔ ပစ္ခ်ခဲ့ျခင္းျဖစ္သည္။
သို႔ျဖစ္၍ တရာခံ အိုက္ေစာ့အား အသက္မျပည့္သူကို မုဒိန္းျပဳက်င့္ၿပီး ေသသည္အထိ လုပ္ႀကံခဲ့ေသာေၾကာင့္ ရွမ္းျပည္တိုးတက္ေရးပါတီ ဗဟိုတရား႐ုံးမွ အိုက္ေစာ့အား ျပစ္မႈႏွစ္ခုက်ဴးလြန္မႈျဖင့္ ေသဒဏ္ခ်မွတ္လုိက္ျခင္း ျဖစ္သည္။
အဆိုပါ မႈခင္းျဖစ္ပြားခဲ့သည့္ သီေပါၿမိဳ႕နယ္ မန္ေနာင္ေက်း႐ြာအုပ္စုသည္ SSPP တပ္ဖြဲ႕ ထိန္းခ်ဳပ္ရာ နယ္ ေျမျဖစ္ၿပီး၊ လြန္ခဲ့သည့္ ၂၀၁၅ ခုႏွစ္မွာလည္း အထက္ပါ အမႈမ်ိဳးက်ဳးလြန္သူတစ္ဦးကိုလည္း ရွမ္းတိုး တက္ေရးပါတီ (SSPP) က ေသဒဏ္ခ်မွတ္ခဲ့သည္။
#PeopleMedia #ကေလးငယ္ #အဓမၼျပဳက်င့္ #ေသဒဏ္
(unicode)
၆ နှစ်အရွယ်ကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို SSPP လက်နက်ကိုင်အဖွဲ့့က သေဒဏ်ချမှတ်
……………………………………………………………..
ရန်ကုန်၊ ဒီဇင်ဘာ – ၂၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုတွင် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦး ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သူအား SSPP လက်နက်ကိုင်အဖွဲ့က သေဒဏ်ချမှတ်လိုက်သည်။
“ဒီပြစ်မှုကို ကျွန်တော်တို့ အဖွဲ့အစည်းအနေနဲ့လည်း လက်မခံနိုင်ဘူး၊ ပြီးတော့ လူ့အသိုင်းအဝိုင်းမှာလည်း လက်မခံနိုင်တဲ့အခြေအနေကြောင့်ရယ်၊ နောက်နောင် အဲ့လိုပြစ်မှုထပ်ပြီး မကျူးလွန်အောင် သေဒဏ်ချ မှတ်လိုက်တာပါ“ ဟု ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းသန်းအောင်က ပြောသည်။
ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဝမ်နွတ်ကျေးရွာမေ ဦးလုံးထွန်းနှင့် ဒေါ်နန်းတောင်တို့၏ သမီးဖြစ်သူ အသက်(၆)နှစ်အရွယ် နန်းလယုံးအား အိမ်မှာရှိနေစဉ် ရွာအနီး နေထိုင်သူ အိုက်စော့(၃ဝ နှစ်)မှာ နေအိမ်သို့ ရောက်ရှိလာပြီး ကလေးငယ်အား အတင်းအဓမ္မဖမ်းချုပ်ကာ ရွာအရှေ့ဘက်ချုံထဲတွင် မုဒိန်းပြုကျင့်ပြီး သတ် ဖြတ်ကာ လျှိုမြောင်အတွင်းသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။
သို့ဖြစ်၍ တရာခံ အိုက်စော့အား အသက်မပြည့်သူကို မုဒိန်းပြုကျင့်ပြီး သေသည်အထိ လုပ်ကြံခဲ့သောကြောင့် ရှမ်းပြည်တိုးတက်ရေးပါတီ ဗဟိုတရားရုံးမှ အိုက်စော့အား ပြစ်မှုနှစ်ခုကျူးလွန်မှုဖြင့် သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။
အဆိုပါ မှုခင်းဖြစ်ပွားခဲ့သည့် သီပေါမြို့နယ် မန်နောင်ကျေးရွာအုပ်စုသည် SSPP တပ်ဖွဲ့ ထိန်းချုပ်ရာ နယ် မြေဖြစ်ပြီး၊ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်မှာလည်း အထက်ပါ အမှုမျိုးကျုးလွန်သူတစ်ဦးကိုလည်း ရှမ်းတိုး တက်ရေးပါတီ (SSPP) က သေဒဏ်ချမှတ်ခဲ့သည်။
#PeopleMedia #ကလေးငယ် #အဓမ္မပြုကျင့် #သေဒဏ်