• Follow Us on

Home (၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက် မည်၊ NLD အစိုးရ မြစ်ဆုံနှင့် ပတ် သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိ


Share this post

ရန်ကုန်၊ ဇန်နဝါရီ – ၆






(Unicode)
(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက် မည်၊ NLD အစိုးရ မြစ်ဆုံနှင့် ပတ် သက်၍ ထုတ်ဖော်ပြောဆိုခြင်းမရှိ
………………………………………………………

ရန်ကုန်၊ ဇန်နဝါရီ – ၆

(၇၂)နှစ်မြောက် ကချင်ပြည်နယ်နေ့ နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်သွားမှာဖြစ်တယ်လို့ ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင်က အတည်ပြုပြောဆိုပါတယ်။

ကချင်ပြည်နယ်နေ့ အခမ်းအနားကို မြစ်ကြီးနားမြို့ရှိ စီတာပူမ နောကွင်း၌ ဇန်နဝါရီ(၁၀)ရက်မှာကျင်းပမှာ ဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံသည် ၂၀၁၅ အထွေထွေရွေး ကောက်ပွဲကာလမတိုင်မှီ ကချင်ပြည်နယ်၊ မဲဆွယ်စည်းရုံး ရေးခရီးစဉ်၌ ကချင်ပြည်သူများကို NLD အစိုးရ ဖြစ်လျှင် မြစ်ဆုံစာချုပ်ကို ပြည်သူများကို ချပြမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

သို့သော် သမ္မတဦးထင်ကျော်လက်ထက်၌ မြစ်ဆုံနှင့်ပတ်သက်၍ ကော်မရှင်တစ်ရပ်ကို NLD အစိုးရမှ ဖွဲ့စည်း ခဲ့သော်လည်း ယနေ့အချိန်ထိ ပြည်သူများကို မြစ်ဆုံနှင့်ပတ်သက်၍ ချပြခြင်း ထုတ်ဖော်ပြောဆိုခြင်း မရှိပါဘူး။

#PeopleMedia #မြစ်ဆုံ #ကချင်ပြည်နယ်နေ့


Share this post