(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်ရန်အတွက် လွိုင်ကော်မြို့ကို ဒုချုပ် ရောက်ရှိနေ

PUBLISHED - January 15, 2025
နေပြည်တော်၊ ဇန်နဝါရီ ၁၅
ယနေ့ ဇန်နဝါရီလ (၁၅)ရက်တွင် ကျရောက်မည့် (၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ကို တက်ရောက်ရန် အတွက် လွိုင်ကော်မြို့ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ရောက်ရှိနေကြောင်း သိရသည်။
(၇၃)နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို ဇန်နဝါရီလ (၁၃)ရက်မှ (၁၅)ရက်ထိ ကျင်းပနေပြီး ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်းသည် နိုင်ငံတော်ကောင်စီအဖွဲ့ဝင် ဦးပိုးရယ်အောင်သိန်းနှင့် ဦးစောဒယ်နီတို့နှင့် အတူ အခမ်းအနား တက်ရောက်ရန်အတွက် ယမန်နေ့ ဇန်နဝါရီလ (၁၄)ရက်နေ့က ရဟတ်ယာဉ်ဖြင့် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ကယားပြည်နယ်နေ့ အခမ်းအနားကို လွိုင်ကော်မြို့ မင်းစုရပ်ကွက် မြို့တော်ခန်းမနှင့် ပြည်နယ်ခန်းမ၊ ကျောက်တိုင်ကွင်းရှိ ကျောက်သားရင်ပြင်၌ ပြခန်းများ၊ ဖျော်ဖြေရေးအစီအစဉ်များဖြင့် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
Photo – ကယားပြည်နယ်နေ့ အခမ်းအနား ကျင်းပရန် ပြင်ဆင်နေပုံ
#PeopleMedia