(၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် သဝဏ်လွှာပေးပို့

PUBLISHED - January 5, 2022
ရန်ကုန်၊ ဇန်နဝါရီ ၅ (People Media)
ဇန်နဝါရီလ ၄ ရက်နေ့၌ ကျရောက်ခဲ့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် သဝဏ်လွှာပေးပို့ခဲ့သည်။
အဆိုပါ သဝဏ်လွှာ၌ မြန်မာ-ရုရှားဆက်ခံရေးသည် အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုတို့ဖြင့် ဖော်ကျူး ထားပါကြောင်း၊ ဒေသတွင်းတည်ငြိမ်ရေးနှင့် လုံခြုံရေးခိုင်မာစေရေးကို ရှေးရှု၍ နှစ်နိုင်ငံ အတူတကွ ကြိုးပမ်း အားထုတ်မှုများမှတစ်ဆင့် မိမိတို့ ပြည်သူများ၏ အကျိုးစီးပွားအတွက် နိုင်ငံရေး၊ ကုန်သွယ်ရေး၊ စီးပွားရေး၊ သိပ္ပံနည်းပညာနှင့် နှစ်နိုင်ငံကြားအခြားသော ပူးပေါင်းဆောင်ရွက်မှုများကို ယခုထက် ပိုမိုတိုးမြှင့် ဖော်ဆောင် နိုင်လိမ့်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါသည်။ အဆွေတော်ကျန်းမာ၍ အောင်မြင်မှုများ ရရှိပါစေကြောင်းနှင့် မြန်မာပြည်သူအပေါင်း ငြိမ်းချမ်းသာယာဝပြောပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်ဟု သဝဏ်လွှာ ၌ ဖော်ပြထားသည်။
အလားတူ ကမ္ဘောဒီယားဘုရင်မင်းမြတ်၊ ကမ္ဘောဒီယားဝန်ကြီးချုပ်၊ ဆားဘီးယားသမ္မတနိုင်ငံ၊ ကိုရီယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံတို့မှ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့ခဲ့ကြသည်။
ဇန်နဝါရီလ (၄) ရက်နေ့၌ ကျရောက်ခဲ့သည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို တိုင်းဒေသ ကြီး/ပြည်နယ်များ၌ ပြုလုပ်ခဲ့ကြသည်။
#PeopleMedia #လွက်လပ်ရေးနေ့
(unicode)
………………………………………………..