• Follow Us on

Home (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လူပုဂ္ဂိုလ် (၁၅၃) ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်း

(၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် လူပုဂ္ဂိုလ် (၁၅၃) ဦးကို ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့် အပ်နှင်း

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၅

 

(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ထူးဆောင်ဘွဲ့များချီးမြှင့် အပ်နှင်းခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သဘင်ဆောင်၌ ကျင်းပခဲ့ရာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ပြည်ထောင်စုအစိုးရစသည့် တိုင်းပြည်၏ အဓိက မဏ္ဍိုင်ကြီးများက တာဝန်ရှိသူများနှင့်အတူ ကဏ္ဍပေါင်းစုံ၊ ဘက်ပေါင်းစုံကပုဂ္ဂိုလ် အသီးသီးတို့ကလည်း လက် တွဲကြိုးပမ်းနေကြခြင်းဖြစ်ကြောင်း၊ မိမိတို့နိုင်ငံ၏ (၇၆) နှစ်မြောက် နေ့ထူးနေ့မြတ်အခါသမယတွင် နိုင်ငံတော် အတွက် ထူးကဲသာလွန်စွာအကျိုးပြုခဲ့ကြသူများကို ဂုဏ်ပြုချီးမြှင့်နိုင်ရန်အတွက် ယခုအခမ်းအနားကို ကျင်းပရ ခြင်းဖြစ်ကြောင်း ပြောသည်။

 

အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်ရာတွင် ထူးကဲစွာဆောင်ရွက်ခဲ့ကြ သည့်ပုဂ္ဂိုလ်များ၊ ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့် ရှောက်ရာတွင် သက်စွန့်ကြိုးပမ်း ထမ်းဆောင်ခဲ့ကြ သည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်၏ စီးပွား ရေး၊ လူမှုရေး၊ ပြည်သူ့ရေးရာစီမံခန့်ခွဲရေးကဏ္ဍများတွင် ထူးခြားထက် မြက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသည့်ပုဂ္ဂိုလ်များ၊ နယ်ဘက်နှင့် စစ်ဘက်ဆိုင်ရာတွင် တိုင်းကျိုးပြည်ကျိုးကို အများ နှင့်မတူအောင် ထူးခြားစွာ စွမ်းဆောင်နိုင်ခဲ့ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံနှင့်လူမျိုးအတွက် သိပ္ပံပညာ၊ ဝိဇ္ဇာ ပညာနှင့် အခြားပညာရပ်တစ်ခုခုတွင် ကမ္ဘာ့အဆင့်မီစွာ တီထွင် ဖန်တီး အောင်မြင်အောင် စွမ်းဆောင်နိုင်သည့် ပုဂ္ဂိုလ်များ၊ စာပေနှင့် အနုသုခုမပညာရပ်များတွင် ထူးခြားကောင်းမွန်စွာတတ်မြောက်သူပုဂ္ဂိုလ်များ၊ နိုင်ငံ တော်လုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့်တရားဥပဒေစိုးမိုးရေးတို့အတွက် မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးပမ်းထမ်းဆောင်ကြသည့် ပုဂ္ဂိုလ်များကို ယခုကဲ့သို့ထူးခြားလေးနက်သည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဂုဏ်ထူးဆောင်ဘွဲ့များကို ချီးမြှင့်အပ်နှင်းသွားမည်ဖြစ်ကြောင်း နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

ယမန်နေ့ အခမ်းအနားတွင် သရေစည်သူဘွဲ့ (၉) ဦး၊ စည်သူဘွဲ့ (၅) ဦး၊ သူရဘွဲ့ (၆) ဦး၊ သီရိပျံချီဘွဲ့(၄၂)ဦး၊ ဝဏ္ဏကျော်ထင်ဘွဲ့ (၈၃) ဦး၊ အလင်္ကာကျော်စွာဘွဲ့(၄)ဦး၊ သိပ္ပကျော်စွာ ဘွဲ့(၄)ဦး၊ စုစုပေါင်း(၁၅၃)ဦးကို သက်ဆိုင်ရာဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်များချီးမြှင့် အပ်နှင်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post