(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၅) ရက် ကြာ ကျင်းပမည်
PUBLISHED - February 9, 2024
နေပြည်တော်၊ ဖေဖော်ဝါရီ ၉
နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်၊ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၇၇) နှစ် မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ကို ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၅) ရက်ကြာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ဖေဖော်ဝါရီလ (၁၀) ရက်မှ (၁၄) ရက်အထိ ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်းတွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အဖြစ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများကို နံနက် (၈) နာရီမှ ည (၁၀) နာရီအထိ ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ထိုပွဲတော်ကြီးတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက်ပြခန်းတာဝန်ရှိသူများ မှ သက်ဆိုင်ရာပြခန်းအလိုက် မိမိတို့ဒေသထွက်ကုန်ပစ္စည်းများနှင့်ရိုရာအစားအစားများကို ပြည်သူများအား ခင်းကျင်းပြသရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြပွဲတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ MSME ထုတ်ကုန်များ၊ လယ်ယာလုပ်ငန်းနှင့် EV ဆိုင်ရာ လျှပ်စစ်ယာဉ်များ၊ ရိုးရာအစားအစာများကို ခင်းကျင်းပြသရောင်းချပြီး၊ ဂီတဖျော်ဖြေပွဲများကိုလည်း ထည့် သွင်းကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
Photo – Credit
#PeopleMedia