• Follow Us on
Latest News

Home (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌ ပြောကြား

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကျင်းပချိန်တွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်း ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌ ပြောကြား

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၁၁

 

(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် တစ်ဆက်တည်းတွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။

 

၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ကျင်းပရေးဗဟိုကော်မတီ ပထမအကြိမ်ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြည်ထောင်စုနေ့အခမ်းအနားကို အမျိုးသားရေး ဦးတည်ချက် (၅) ရပ် ဖြစ် သည့် ပြည်ထောင်စုစိတ်ဓာတ်၊ ဝံသာနုရက္ခိတ တရား၊ ဗြဟ္မစိုရ်တရားနှင့် စစ်မှန်သော မျိုးချစ်စိတ်များဖြင့် ပြည်ထောင်စုကြီး အဓွန့်ရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ရေး၊ လက်နက်ကိုင် ပဋိပက္ခများချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးရရှိရန်အတွက် တွေ့ဆုံဆွေးနွေးမှုလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနိုင်ရန် တိုင်းရင်းသားများ လက်တွဲပူးပေါင်းဆောင်ရွက် ရေး၊ ပြည်ထောင်စုတိုင်း ရင်းသားအားလုံး တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နိုင်ငံတော်အစိုးရ၊ တပ်မတော်နှင့်ပြည်သူ အတူတကွလက်တွဲ ကြိုးပမ်းဆောင်ရွက်ရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း အောင် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရေး၊ ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံး တစ်ပြေးညီဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးနှင့် တိုင်းရင်းသားများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်အောင်ဖော်ဆောင်ပေးရေး စသည့် ဦးတည်ချက်များနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောသည်။

 

အမျိုးသားရေးဦးတည်ချက်(၅)ရပ် ချမှတ်သည့်အပေါ်တွင် ဒို့တာဝန်အရေး(၃)ပါး ဖြစ်သည့် ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး နှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဆိုသည့် ဦးတည်ချက်များနှင့်အညီ  တိုင်း ရင်းသားများစည်လုံးညီညွတ်ရေး၊ ငြိမ်းချမ်းရေးအတွက် အဓိကထားပြီး ရည်ရွယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ ထို့ပြင် ထူးခြားချက်အနေဖြင့် ၂၀၂၅ ခုနှစ်၊ (၇၈) နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပချိန် တစ်ဆက်တည်းတွင် MSME ပြပွဲ၊ ပြိုင်ပွဲများကို ထည့်သွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အားလုံး၏ MSMEထုတ်ကုန်များ ခင်းကျင်းပြသခြင်း၊ ဒေသအသီးသီးမှ ထုတ်ကုန် ပစ္စည်အချင်းချင်း ယှဉ်ပြိုင်မှုမှတဆင့် အရည်အသွေးနှင့် ထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုး တက်မြင့်မားလာစေခြင်းနှင့် ဖွံ့ဖြိုးစေခြင်းကိုရည်ရွယ်၍ MSME ထုတ်ကုန် ပြိုင်ပွဲကြီး တစ်ရပ်ကျင်းပရန်အပြင် ဒေသန္တရ ရိုးရာအစားအစာ များကိုလည်း တစ်နေရာတည်း၌ပင် အမျိုးအစားစုံလင်စွာဖြင့် ထိတွေ့ခံစာနိုင်စေရန်အတွက်လည်း စီမံဆောင် ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post