(၇)ႏွစ္သမီးကို အသက္(၇၀)ႏွစ္အရြယ္ အမ်ိဳးသားက သားမယားျပဳက်င့္ရန္ ႀကံစည္မႈျဖစ္ပြား
PUBLISHED - December 3, 2020
မင္းလွ၊ ဒီဇင္ဘာ ၃
မေကြးတိုင္းေဒသႀကီး၊ အထက္မင္းလွၿမိဳ႕နယ္တြင္ အသက္(၇)ႏွစ္အရြယ္ ကေလးငယ္တစ္ဦးကို အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းအားထုတ္မႈျဖင့္ အသက္ ၇၀ ႏွစ္အရြယ္ အမ်ိဳးသားတစ္ဦးကို ယေန႔ ဒီဇင္ဘာလ ၂ ရက္ နံနက္ပိုင္းက အထက္မင္းလွၿမိဳ႕နယ္ ေရနံမနယ္ေျမရဲစခန္းမွ အမႈဖြင့္ခဲ့ေၾကာင္း သိရသည္။ အသက္ ၇ ႏွစ္အရြယ္ရွိ ကေလးငယ္ကို အဆိုပါအမ်ိဳးသားမွ နိုဝင္ဘာလ ၂၀ ရက္ေန႔က စတင္ကာ ငါးရွာသြား မည္၊ ဆူးပုတ္ခူးေပးမည္ဆိုသည့္အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးျဖင့္ ကေလးငယ္အား ေခၚေဆာင္သြားၿပီး အႀကိမ္ ႀကိမ္အဓမၼျပဳက်င့္ရန္ ႀကိဳးပမ္းအားထုတ္ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ (၃)ႀကိမ္တိုင္တိုင္ အဓမၼျပဳက်င့္ရန္ႀကံစည္အားထုတ္ခဲ့ျခင္းျဖစ္ေၾကာင္း၊ မိဘမ်ားထံတိုင္ေျပာပါက ရိုက္မည္ဟူ၍ လည္း ႀကိမ္းေမာင္းခဲ့ေၾကာင္း ကေလးငယ္က စခန္းတြင္ထြက္ခ်က္ေပးထားသည္။ အဆိုပါျဖစ္စဥ္ကို နိုဝင္ဘာလ ၂၅ ရက္ေန႔က ကေလးငယ္ကို အဓမၼျပဳက်င့္ရန္ႀကိဳးပမ္းအားထုတ္သူမွ ထပ္မံ လာေရာက္ေခၚယူခ်ိန္ ကေလးငယ္က ျငင္းဆန္ေနသျဖင့္ ေမးျမန္းခဲ့ရာ သမီးအား သားမယားျပဳက်င့္ရန္ အႀကိမ္ႀကိမ္ အဓမၼႀကိဳးပမ္းအားထုတ္ခဲ့ျခင္းကို မိဘမ်ားကသိရွိခဲ့ရျခင္းျဖစ္ေၾကာင္းသိရသည္။ ျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ေရနံမနယ္ေျမရဲစခန္း အသက္(၇၀)ႏွစ္အရြယ္ ၎အမ်ိဳးသားကို (ပ)၁၇၅/၂၀ ရာဇ သတ္ႀကီးဥပေဒပုဒ္မ ၃၇၆/၅၁၁ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္းသိရသည္။
#PeopleMedia
(unicode)
(၇)နှစ်သမီးကို အသက်(၇၀)နှစ်အရွယ် အမျိုးသားက သားမယားပြုကျင့်ရန် ကြံစည်မှုဖြစ်ပွား
………………………………………………………..
မင်းလှ၊ ဒီဇင်ဘာ ၃ မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့နယ်တွင် အသက်(၇)နှစ်အရွယ် ကလေးငယ်တစ်ဦးကို အကြိမ်ကြိမ် အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် အသက် ၇၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို ယနေ့ ဒီဇင်ဘာလ ၂ ရက် နံနက်ပိုင်းက အထက်မင်းလှမြို့နယ် ရေနံမနယ်မြေရဲစခန်းမှ အမှုဖွင့်ခဲ့ကြောင်း သိရသည်။ အသက် ၇ နှစ်အရွယ်ရှိ ကလေးငယ်ကို အဆိုပါအမျိုးသားမှ နိုဝင်ဘာလ ၂၀ ရက်နေ့က စတင်ကာ ငါးရှာသွား မည်၊ ဆူးပုတ်ခူးပေးမည်ဆိုသည့်အကြောင်းပြချက်အမျိုးမျိုးဖြင့် ကလေးငယ်အား ခေါ်ဆောင်သွားပြီး အကြိမ် ကြိမ်အဓမ္မပြုကျင့်ရန် ကြိုးပမ်းအားထုတ်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ (၃)ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ရန်ကြံစည်အားထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ မိဘများထံတိုင်ပြောပါက ရိုက်မည်ဟူ၍ လည်း ကြိမ်းမောင်းခဲ့ကြောင်း ကလေးငယ်က စခန်းတွင်ထွက်ချက်ပေးထားသည်။ အဆိုပါဖြစ်စဉ်ကို နိုဝင်ဘာလ ၂၅ ရက်နေ့က ကလေးငယ်ကို အဓမ္မပြုကျင့်ရန်ကြိုးပမ်းအားထုတ်သူမှ ထပ်မံ လာရောက်ခေါ်ယူချိန် ကလေးငယ်က ငြင်းဆန်နေသဖြင့် မေးမြန်းခဲ့ရာ သမီးအား သားမယားပြုကျင့်ရန် အကြိမ်ကြိမ် အဓမ္မကြိုးပမ်းအားထုတ်ခဲ့ခြင်းကို မိဘများကသိရှိခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။ ဖြစ်စဉ်နှင့်ပတ်သက်ပြီး ရေနံမနယ်မြေရဲစခန်း အသက်(၇၀)နှစ်အရွယ် ၎င်းအမျိုးသားကို (ပ)၁၇၅/၂၀ ရာဇ သတ်ကြီးဥပဒေပုဒ်မ ၃၇၆/၅၁၁ ဖြင့် အမှုရေးဖွင့်ထားကြောင်းသိရသည်။ #PeopleMedia