၈၈ မျိုးဆက်ဒေါ်နီလာသိန်းအပါအဝင် (၅) ဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ရဲက ယနေ့ အမှုဖွင့်လိုက်ပြီ
PUBLISHED - May 22, 2019
ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင် (၇)ဦးအားရုံးထုတ်စစ်ဆေးစဉ် လာရောက်ဝန်းရံခဲ့ကြသည့် ၈၈မျိုးဆက်ဒေါ်နီ လာသိန်းအပါအဝင်(၅)ဦးကို ဝတ္တရားနှောင့်ယှက်မှုဖြင့် ရဲက ယနေ့ အမှုဖွင့်လိုက်ပြီဖြစ်ပါတယ်။
ဒေါ်နီလာသိန်းအပါအဝင် (၅)ဦးသည် မနေ့က ဗိုလ်တထောင်မြို့နယ်တရားရုံးတွင်ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များ ရုံးထုတ်ရာ၌ လုံခြုံရေးအဖွဲ့များနှင့် နှစ်ဖက် အငြင်းပွားမှုဖြစ်ပေါ်ခဲ့ပါတယ်။
လုံခြုံရေးအဖွဲ့များသည် ဒေါင်းတို့မျိုးဆက် သံချပ် အဖွဲ့ဝင်(၇)ဦးကို အင်းစိန်ထောင်မှဗိုလ်တထောင်မြို့နယ် တရားရုံးသို့ ရုံးထုတ်ရာတွင် လက်ထိပ်ခက်ခေါ်ဆောင်ခြင်းအပါအဝင် အတင်းချုပ်နှောင်ဆွဲခေါ်ခြင်းများကို ပြု့လုပ်ခဲ့ကြောင်း သံချပ်အဖွဲ့ဝင်များက မီဒီယာများကို ပြောဆိုခဲ့ပါတယ်။
အဆိုပါ ဖြစ်စဉ်များအပေါ် လက်ရှိအချိန်၌ ဒေါ်နီလာသိန်းအပါအဝင် (၅)ဦးကို ဝတ္တနှောင့်ယှက်မှုနှင့်ရုန်းရင်းဆန် ခက်ဖြစ်စေမှူကြောင့် (ပ)၂၃၄/၂၀၁၉၊ ပုဒ်မ ၃၃၂/၃၅၃/၁၈၆/၁၁၄ ဖြင့် ဗိုလ်တထောင်မြို့နယ်ရဲတပ်ဖွဲ့ တာဝန်ရှိ သူတစ်ဦးက ယနေ့နေ့လည် ၌ အမှုဖွင့်လိုက်ပြီဖြစ်ပါတယ်။
https://www.facebook.com/303185163868226/videos/417262065776739/