• Follow Us on

Home (၈) ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတက်ရောက်ရန် ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့် လာအိုနိုင်ငံသို့ထွက်ခွာ

(၈) ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးတက်ရောက်ရန် ဒုတိယဗိုလ် ချုပ်ကြီး ရာပြည့် လာအိုနိုင်ငံသို့ထွက်ခွာ

Share this post

နေပြည်တော်၊ သြဂုတ် ၁၁

 

ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် မြန်မာကိုယ်စား လှယ်အဖွဲ့သည် ဩဂုတ်လ ၁၁ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပပြုလုပ်မည့် (၈) ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့်အစည်းအဝေးသို့ တက်ရောက်ရန်အတွက် သြဂုတ်လ ၁၀ ရက် နေ့ နံနက်ပိုင်းတွင် ထိုင်းလေကြောင်းလိုင်းခရီးစဉ်ဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွား ကြောင်း သိရသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့အား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက လေဆိပ်တွင် လိုက်ပါပို့ဆောင်ခဲ့ ကြောင်း သိရသည်။

 

အဆိုပါ (၈) ကြိမ်မြောက် မူးယစ်ဆေးဝါးဆိုင်ရာ အာဆီယံဝန်ကြီးအဆင့် အစည်းအဝေးအတွက် အဆင့် မြင့်အရာရှိကြီးများအစည်းအဝေးကို ဩဂုတ်လ ၁၀ ရက်နေ့တွင် လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့၌ ကျင်းပ ပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post