• Follow Us on

Home (၈) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် နိုဝင်ဘာ ၂၂ ရက် စတင်မည်

(၈) ကြိမ်မြောက် သီတဂူစက္ခုဒါန-သီတဂူမျက်စိအလှူတော် နိုဝင်ဘာ ၂၂ ရက် စတင်မည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၄

 

(၈) ကြိမ်မြောက် သီတဂူမျက်စိ အလှူတော်အစီအစဉ်ကို နိုဝင်ဘာလ ၂၂ ရက် စတင်မည်ဖြစ်ကြောင်း သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)မှ သိရသည်။

 

(၈) ကြိမ်မြောက် သီတဂူမျက်စိ အလှူတော်ကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊ သီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ သီတဂူအဖွဲ့က မြန်မာနိုင်ငံ အရပ်မျက်နှာအသီးသီးမှ မျက်စိဝေဒနာရှင် များအား ကြည့်ရှု စစ်ဆေးစမ်းသပ် ခွဲစိပ်ကုသခြင်းလုပ်ငန်းများကို အခမဲ့ (FOC) စီစဉ်ဖြင့် ဆောင်ရွက်ပေး သွားမည်ဖြစ်‌ကြောင်း သိရသည်။

 

ပြင်ပလူနာအား နိုဝင်ဘာလ ၂၂ ရက်၊  နိုဝင်ဘာလ ၂၃ ရက်၊ နိုဝင်ဘာလ ၂၄ ရက်နှင့် နိုဝင်ဘာလ ၂၅ ရက်‌နေ့များတွင် စမ်းသပ်‌ပေးမည်ဖြစ်ပြီး၊ ခွဲစိပ်လူနာများအား နိုဝင်ဘာလ ၂၃ ရက်၊ နိုဝင်ဘာလ ၂၄ ရက်၊ နိုဝင်ဘာလ ၂၅ ရက်၊ နိုဝင်ဘာလ ၂၆ ရက်နှင့် နိုဝင်ဘာလ ၂၇ ရက်တွင် ခွဲစိပ်ကုသပေးမည်ဖြစ်ကြောင်း သိရသည်။

 

နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ခွဲစိပ်လူနာများအား ပြန်လည် ကြည့်ရှုပေးမည်ဖြစ်ပြီး၊ စာရင်းပေးထားပြီး မျက်စိဝေဒနာရှင်များအား လာရမည့် ရက်ကို ဖုန်းဆက် အကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

(၈) ကြိမ်မြောက် သီတဂူမျက်စိ အလှူတော်အတွက် စာရင်းလာပေးသူ လူဦးရေ ၁၀၀၀ ကျော် ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post