• Follow Us on
Latest News

Home ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းခြံတစ်ခုတွင်မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတွေ့ရှိ၍ ဖောက်ခွဲရှင်းလင်း

ကြည့်မြင်တိုင်မြို့နယ်ရှိ ပန်းခြံတစ်ခုတွင်မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတွေ့ရှိ၍ ဖောက်ခွဲရှင်းလင်း

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာပန်းခြံအတွင်း၌ ယမန်နေ့ ည ၈ နာရီကျော်အချိန်က မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိခဲ့၍ လုံခြုံရေးတပ်ဖွဲ့မှ ဖောက်ခွဲရှင်းလင်းခဲ့ရကြောင်း သိရသည်။

 

ကြည့်မြင်တိုင်မြို့နယ်၊ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်း၊ ဆိပ်ကမ်းသာပန်းခြံအတွင်း၌ တိပ်အစိမ်းရောင် ပတ် ထားသည့် စတီးဓာတ်ဘူးဖြင့် ပြုလုပ်ထားသော လက်လုပ်ဗုံးတစ်လုံးသည် ဓာတ်ခဲ၊ ဝါယာတို့တွဲလျက်တွေ့ ရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပန်းခြံအတွင်းတွင် အတားအဆီးများပြုလုပ်ပြီး ဖောက်ခွဲရှင်းလင်း လိုက်ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 

#PeopleMedia


Share this post