ကြည့်မြင်တိုင်မြို့နယ် တံတိုင်းအနီး၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိ

PUBLISHED - September 9, 2021
နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)
ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ အလက(၄) အုတ်တံတိုင်းအနီး၌ မပေါက်ကွဲသေးသည့် လက်လုပ်ဗုံးတစ်လုံးတွေ့ရှိကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ အလက(၄) အုတ်တံတိုင်းဘေးတွင် မသင်္ကာဖွယ်အထုပ်တွေ့ရှိကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးရာ ကြွတ်ကြွပ်အိတ်အနက်အတွင်း အရှည် ၈ လက်မရှိသော PVC ပိုက် ဖြင့် ပြုလုပ်ထားသည့် လက်လုပ်ဗုံးကို ကီးပတ်ဖုန်း၊ ဓာတ်ခဲ၊ ဝါယာကြိုးတို့ဖြင့် ချိတ်ဆက်ထားသည်ကို တွေ့ရှိရ သဖြင့် သက်မဲ့ပြုလုပ်ခဲ့ရကြောင်း သိရသည်။
အဆိုပါမပေါက်ကွဲသေးသည့် လက်လုပ်ဗုံးကို ယနေ့ စက်တင်ဘာ ၉ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်အချိန်ခန့် တွင် တွေ့ရှိခဲ့ပြီး ရှင်းလင်းခဲ့ရကြောင်း သိရသည်။
အလားတူ လုံခြုံရေးစစ်ဆေးရေးဂိတ်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများတွင် မကြာခဏပေါက်ကွဲမှုများဖြစ်ပေါ် လျက်ရှိသည်။
Photo – ယခင် ဗဟန်း(၃)လမ်းတွင် တွေ့ရှိခဲ့သည့် မပေါက်ကွဲသေးသည့် လက်လုပ်ဗုံး
#PeopleMedia #ကြည့်မြင်တိုင်
(unicode)
…………………………………………………………………