• Follow Us on

Home သြစတြေးလျအဖွဲ့အစည်းမှပြုစုသည့်အစီရင်ခံစာအရ အာရှအင်အားကြီးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအဆင့် ၂၀ ရှိနေ


Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၀









PeopleMedia

(unicode)
သြစတြေးလျအဖွဲ့အစည်းမှပြုစုသည့်အစီရင်ခံစာအရ အာရှအင်အားကြီးနိုင်ငံများစာရင်းတွင် မြန်မာနိုင်ငံအဆင့် ၂၀ ရှိနေ
………………………………………………………..

ရန်ကုန်၊ အောက်တိုဘာ ၂၀

သြစတြေးလျနိုင်ငံရှိလိုဝီအင်စတီကျူ့မှတနင်္ဂနွေနေ့တွင်ထုတ်ပြန်သောအာရှအင်အားကြီးနိုင်ငံများညွှန်းကိန်းအစီရင်ခံစာတွင် မြန်မာနိုင်ငံက အဆင့် ၂၀ ၌ ရပ်တည်နေသည်။

အာရှပစိဖိတ်ဒေသမှနိုင်ငံနှင့်ဒေသ ၂၆ ခုကို နှိုင်းယှဉ်ပြီး အာဏာဖြန့်ဝေနိုင်မှုအပေါ်မူတည်၍ အမှတ်ပေးထားခြင်းဖြစ်သည်။

ကာကွယ်ရေးကွန်ရက်၊ ယဉ်ကျေးမှုအရလွှမ်းမိုးမှု၊ သံတမန်နည်းလမ်းဖြင့်လွှမ်းမိုးမှု၊ စီးပွားရေးရင်းမြစ်များ၊ စီးပွားရေးဆိုင်ရာဆက်ဆံရေးများ၊ စစ်ရေးစွမ်းရည်၊ ဒဏ်ခံနိုင်မှုနှင့် အနာဂတ်ရေပန်းစားလာနိုင်မှုစသည့် အမျိုးအစား ၈ ခုအပေါ်တွင် အမှတ်ပေးထားသည်။

မြန်မာနိုင်ငံသည် အင်အားအနည်းငယ်ရှိသောနိုင်ငံများအုပ်စုထဲတွင်ပါဝင်သည်။ မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်နှစ်ကထက် စုစုပေါင်းရမှတ် ၀.၂ ပွိုင့်ကျဆင်းခဲ့ပြီး အကျဘက်ရောက်ခဲ့သည့်နိုင်ငံများတွင်ပါဝင်သည်။

ပြီးခဲ့သည့်နှစ်ကထက် စစ်ရေးစွမ်းရေ ၁.၁ ပွိုင့်ကျဆင်းခဲ့ပြီး ယဉ်ကျေးမှုအရလွှမ်းမိုးနိုင်မှုလည်း ၂.၃ ပွိုင့်ကျဆင်းခဲ့သည်။

သို့သော် သံတမန်နည်းအရလွှမ်းမိုးနိုင်မှုတွင် ၂.၂ ပွိုင့်ပိုရခဲ့ပြီး ဒဏ်ခံနိုင်မှုလည်း ၀.၈

COVID-19 ကြောင့် ဒေသတွင်းအင်အားကြီးနိုင်ငံများကို အောက်သို့ဆွဲချနေသည့်မတည်ငြိမ်မှုများဖြစ်နေ သည်ဟုလည်း လေ့လာမှုတွင်တွေ့ရသည်။

Ref : Lowy Institute Asia Power Index 2020

PeopleMedia


Share this post