ငြိမ်းချမ်းရေးအတွက် တပ်မတော်က အပြည့်အဝပူးပေါင်းသော်လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဆုံးဖြတ်ခွင့် ကို ကိုင်ထားသည်ဟု ဒေါက်တာမင်းဇော်ဦးပြောဆို

PUBLISHED - April 4, 2019
၂၀၁၈ ခုနှစ် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင် ရာ မြန်မာအင်စတီကျု (MIPS) က မနေ့က မီလီယာဟိုတယ်မှာ စတင်ဖြန့်ချိခဲ့ပါတယ်။
ဒီအစီရင်ခံစာထဲမှာ ၂၀၁၈ ခုနှစ် အတွင်း ဖြစ်ပေါ်ခဲ့တဲ့ အရေးကြီးကိစ္စရပ်တွေနဲ့ သက်ဆိုင်တဲ့ လေ့လာ တွေ့ရှိချက်တွေ၊ ပဋိပက္ခ အသွင်သဏ္ဍန်တွေနဲ့ တခြား ပဋိပက္ခနဲ့ ငြိမ်းချမ်းရေးဆိုင်ရာ သုံးသပ်ချက်တွေကို အချက်အလက် သရုပ်ဖော်ပုံများ၊ မြေပုံများနဲ့ တင်ပြထားပါတယ်။
ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ် (၁၀) ခုမှာ ရှိတဲ့ မြို့နယ်ပေါင်း ၅၀ မှာ လက်နက်ကိုင် ထိတွေ့မှု အကြိမ်ရေပေါင်း ၄၉၀ ဖြစ်ပွားခဲ့ပါတယ်။
အောင်ထူးနိုင် တင်ဆက်ထားပါတယ်။
https://www.facebook.com/303185163868226/videos/374236729839554/