
PUBLISHED - December 26, 2019
(Unicode)
ငြိမ်းချမ်းရေး ချိုးဖောက်သော ပါကစ္စတန်ဘက်ကို အိန္ဒိယ အမြှောက် များဖြင့် ပစ်ခတ်တုံ့ပြန်
…………………………………………………………
ပါကစ္စတန်ဘက်က ငြိမ်းချမ်းရေးသဘောတူညီချက်ချိုးဖောက်မှုကို တုံ့ပြန်တဲ့အနေနဲ့ ဒီဇင်ဘာ ၂၅ ရက်နေ့ ညက အိန္ဒိယက ပါကစ္စတန်ဘက်ကို အမြောက်၊ မော်တာကျည်တွေနဲ့ ပစ်ခတ်ခဲ့ပါတယ်။
နှစ်နိုင်ငံနယ်စပ် ထိန်းချုပ်ရေးစည်းမျဉ်းဧရိယာမှာ ပါကစ္စတန်ဘက်က ပစ်ခတ်မှုကြောင့် အိန္ဒိယစစ်သားတစ် ယောက် ကျဆုံးခဲ့တဲ့အတွက် အိန္ဒိယက အခုလို တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
အိန္ဒိယဘက်က ပစ်ခတ်မှုကြောင့် ပါကစ္စတန်ဘက်က စစ်သား ၂ ဦးကျဆုံးခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က အတည်ပြုထားပါတယ်။
လွန်ခဲ့တဲ့သုံးလအတွင်း အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံနယ်စပ်ထိန်းချုပ်ရေးစည်းမျဉ်းဧရိယာမှာ ငြိမ်းချမ်းရေး သဘောတူညီချက်ချိုးဖောက်မှုဖြစ်ရပ်အကြိမ် ၉၅၀ ဖြစ်ပွားခဲ့ပြီးဖြစ်ပါတယ်။
#PeopleMedia