ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း အဆိုးဆံုးေရႀကီး၊ ေျမၿပိဳမႈမ်ားေၾကာင့္ ဗီယက္နမ္တြင္ ေသဆံုးသူ ၉၀ ေက်ာ္ေန

PUBLISHED - October 20, 2020
ဟႏြိဳင္း၊ ေအာက္တိုဘာ ၂၀ (People Media)
မိုးႀကီးမႈေၾကာင့္ ေျမၿပိဳမႈမ်ားျဖစ္ပြားၿပီး တစ္ပတ္အတြင္း အေလာင္း ၁၈ ေလာင္းကိုျပန္ေတြ႕ခဲ့ၿပီး တနလၤာေန႔ တြင္လည္း ေျမၿပိဳမႈေၾကာင့္ေပ်ာက္ဆံုးေနေသးသည့္ တပ္ဖြဲ႔၀င္မ်ားကို စက္ႀကီးမ်ား၊ အနံ႔ခံေခြးမ်ားျဖင့္ ဗီယက္နမ္တပ္ဖြဲ႔၀င္မ်ားက ႐ွာေဖြေနၾကသည္။
ေအာက္တိုဘာလအတြင္းေရႀကီးေျမၿပိဳမႈမ်ားေၾကာင့္ ဗီယက္နမ္တြင္ အနည္းဆံုးလူ ၉၃ ေယာက္ေသဆံုးခဲ့ၿပီး အေယာက္ ၃၀ ေပ်ာက္ဆံုးေနသည္။
ေသဆံုး၊ ေပ်ာက္ဆံုးေနသူမ်ားထဲတြင္ ကယ္ဆယ္ေရးပါ၀င္လုပ္ေဆာင္ေနၾကသည့္တပ္ဖြဲ႔၀င္မ်ားလည္းပါ၀င္ၿပီး က်ဆံုး ၂၉ ေယာက္ႏွင့္ေပ်ာက္ဆံုး ၄ ေယာက္႐ွိသျဖင့္ ၿငိမ္းခ်မ္းေရးကာလတြင္ ဗီယက္နမ္သမိုင္းတေလွ်ာက္ တပ္ဖြဲ႔၀င္အမ်ားဆံုးေသဆံုးမႈျဖစ္သည္။
တနလၤာေန႔တြင္ တပ္ဖြဲ႔၀င္ ၄ ေယာက္၏အေလာင္းမ်ားကို ျပန္ေတြ႕ခဲ့သည္။
တနဂၤေႏြေန႔အေစာပိုင္းက ကြမ္ထရီျပည္နယ္တြင္ေျမၿပိဳမႈျဖစ္ခဲ့ရာ စစ္သား ၂၂ ေယာက္ေသဆံုးခဲ့ၿပီး ၿပီးခဲ့သည့္ ၆ ရက္အတြင္း ဗီယက္နမ္အလယ္ပိုင္းတြင္ စတုတၳေျမာက္ျဖစ္ရပ္ျဖစ္သည္။
ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္ အဆိုးဆံုးေရႀကီးမႈမ်ားကိုၾကံဳေတြ႕ေနရသျဖင့္ ဗီယက္နမ္မွသေဘာ၀ေဘးကယ္ဆ ယ္ေရးတြင္ အေရးပါသည့္အခန္းက႑တရပ္မွပါ၀င္သည့္စစ္တပ္က တပ္ဖြဲ႔၀င္ေထာင္ခ်ီႏွင့္ စက္ႀကီးမ်ား၊ အနံ႔ခံေခြးမ်ားကိုေပးပိုထားၿပီး လုပ္ငန္းေဆာင္႐ြက္ေနသည္။
ေဘးခ်င္းကပ္သြာသိန္းေဟြျပည္နယ္တြင္ ၿပီးခဲ့သည့္တပတ္က ေျမၿပိဳမႈေၾကာင့္ေပ်ာက္ဆံုးေနသည့္ေဆာက္လု ပ္ေရးလုပ္သား ၁၅ ေယာက္ကို႐ွာေဖြရာတြင္ ေရႀကီးေနသျဖင့္ အခက္အခဲေတြ႕ေနၿပီး သူတို႔ကို႐ွာေဖြရန္ေ စလႊတ္လိုက္သည့္စစ္သား ၁၁ ေယာက္မွာလည္း သီးျခားေျမၿပိဳမႈေနာက္တခုေၾကာင့္ေသဆံုးခဲ့ရသည္။
စေနေန႔ကလည္း ကြမ္ထရီျပည္နယ္တြင္ ညအိပ္ေနစဥ္ အိမ္ေပၚေျမၿပိဳက်သျဖင့္ မိသားစု၀င္ ၆ ေယာက္႐ွိေသာ တစ္အိမ္လံုးေသဆံုးခဲ့သည္။
ေရႀကီးမႈေၾကာင့္ အိမ္ေျခ ၁၂၀၀၀၀ ေက်ာ္ပ်က္စီးခဲ့ၿပီး အသြားအလာျပတ္ေတာက္ေနသည့္အျပင္ ေက်ာင္းမ်ားလည္းပိတ္ထားရသည္။
Ref : 93 dead, 30 missing in Vietnam floods, landslides
#PeopleMedia
(unicode)
ပြီးခဲ့သည့်နှစ်များအတွင်း အဆိုးဆုံးရေကြီး၊ မြေပြိုမှုများကြောင့် ဗီယက်နမ်တွင် သေဆုံးသူ ၉၀ ကျော်နေ
……………………………………………..
ဟနွိုင်း၊ အောက်တိုဘာ ၂၀ (People Media)
မိုးကြီးမှုကြောင့် မြေပြိုမှုများဖြစ်ပွားပြီး တစ်ပတ်အတွင်း အလောင်း ၁၈ လောင်းကိုပြန်တွေ့ခဲ့ပြီး တနင်္လာနေ့ တွင်လည်း မြေပြိုမှုကြောင့်ပျောက်ဆုံးနေသေးသည့် တပ်ဖွဲ့ဝင်များကို စက်ကြီးများ၊ အနံ့ခံခွေးများဖြင့် ဗီယက်နမ်တပ်ဖွဲ့ဝင်များက ရှာဖွေနေကြသည်။
အောက်တိုဘာလအတွင်းရေကြီးမြေပြိုမှုများကြောင့် ဗီယက်နမ်တွင် အနည်းဆုံးလူ ၉၃ ယောက်သေဆုံးခဲ့ပြီး အယောက် ၃၀ ပျောက်ဆုံးနေသည်။
သေဆုံး၊ ပျောက်ဆုံးနေသူများထဲတွင် ကယ်ဆယ်ရေးပါဝင်လုပ်ဆောင်နေကြသည့်တပ်ဖွဲ့ဝင်များလည်းပါဝင်ပြီး ကျဆုံး ၂၉ ယောက်နှင့်ပျောက်ဆုံး ၄ ယောက်ရှိသဖြင့် ငြိမ်းချမ်းရေးကာလတွင် ဗီယက်နမ်သမိုင်းတလျှောက် တပ်ဖွဲ့ဝင်အများဆုံးသေဆုံးမှုဖြစ်သည်။
တနင်္လာနေ့တွင် တပ်ဖွဲ့ဝင် ၄ ယောက်၏အလောင်းများကို ပြန်တွေ့ခဲ့သည်။
တနင်္ဂနွေနေ့အစောပိုင်းက ကွမ်ထရီပြည်နယ်တွင်မြေပြိုမှုဖြစ်ခဲ့ရာ စစ်သား ၂၂ ယောက်သေဆုံးခဲ့ပြီး ပြီးခဲ့သည့် ၆ ရက်အတွင်း ဗီယက်နမ်အလယ်ပိုင်းတွင် စတုတ္ထမြောက်ဖြစ်ရပ်ဖြစ်သည်။
ပြီးခဲ့သည့်နှစ်များအတွင် အဆိုးဆုံးရေကြီးမှုများကိုကြုံတွေ့နေရသဖြင့် ဗီယက်နမ်မှသဘောဝဘေးကယ်ဆ ယ်ရေးတွင် အရေးပါသည့်အခန်းကဏ္ဍတရပ်မှပါဝင်သည့်စစ်တပ်က တပ်ဖွဲ့ဝင်ထောင်ချီနှင့် စက်ကြီးများ၊ အနံ့ခံခွေးများကိုပေးပိုထားပြီး လုပ်ငန်းဆောင်ရွက်နေသည်။
ဘေးချင်းကပ်သွာသိန်းဟွေပြည်နယ်တွင် ပြီးခဲ့သည့်တပတ်က မြေပြိုမှုကြောင့်ပျောက်ဆုံးနေသည့်ဆောက်လု ပ်ရေးလုပ်သား ၁၅ ယောက်ကိုရှာဖွေရာတွင် ရေကြီးနေသဖြင့် အခက်အခဲတွေ့နေပြီး သူတို့ကိုရှာဖွေရန်ေ စလွှတ်လိုက်သည့်စစ်သား ၁၁ ယောက်မှာလည်း သီးခြားမြေပြိုမှုနောက်တခုကြောင့်သေဆုံးခဲ့ရသည်။
စနေနေ့ကလည်း ကွမ်ထရီပြည်နယ်တွင် ညအိပ်နေစဉ် အိမ်ပေါ်မြေပြိုကျသဖြင့် မိသားစုဝင် ၆ ယောက်ရှိသော တစ်အိမ်လုံးသေဆုံးခဲ့သည်။
ရေကြီးမှုကြောင့် အိမ်ခြေ ၁၂၀၀၀၀ ကျော်ပျက်စီးခဲ့ပြီး အသွားအလာပြတ်တောက်နေသည့်အပြင် ကျောင်းများလည်းပိတ်ထားရသည်။
Ref : 93 dead, 30 missing in Vietnam floods, landslides
#PeopleMedia