ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘတ္ လာမည့္အပတ္မ်ားအတြင္း ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံခံမည္
PUBLISHED - December 7, 2020
နိုင္ငံတကာ၊ ဒီဇင္ဘာ ၆
အသက္ ၉၄ ႏွစ္အရြယ္ ၿဗိတိန္ဘုရင္မႀကီး အဲလိဇဘတ္က ၾကင္ယာေတာ္ အသက္ ၉၉ ႏွစ္အရြယ္ မင္း သားႀကီး ဖိလစ္ႏွင့္အတူ လာမည့္သီတင္းပတ္မ်ားအတြင္း Pfizer ႏွင့္ BioNTech တို႔ ပူးတြဲထုတ္လုပ္သည့္ ကိုရိုနာ ဗိုင္းရပ္စ္ ကာကြယ္ေဆး ထိုးႏွံခံမည္ဟု သိရသည္။
ဘုရင္မႀကီးက မည္သည့္ ဦးစားေပးကုသမႈမၽွ ရယူမည္မဟုတ္ဘဲ အသက္ ၈၀ ေက်ာ္မ်ားႏွင့္ သက္ႀကီး ေစာင့္ေရွာက္ေရးေဂဟာ ေနထိုင္သူမ်ားကို ကိုဗစ္ကာကြယ္ေဆး ထိုးေပးသည့္အစီအစဥ္အတိုင္း ေစာင့္ဆိုင္းမည္ ျဖစ္သည္။
ဘုရင္မႀကီး အဲလိဇဘတ္ႏွင့္ ၾကင္ယာေတာ္ မင္းသား ဖိလစ္တို႔၏ ဗိုင္းရပ္စ္ကာကြယ္ေဆး ထိုးႏွံမႈက ကိုဗစ္-၁၉ ေရာဂါ ကုသမႈႏွင့္ပတ္သက္ေသာ သတင္းမွားမ်ား ထိန္းခ်ဳပ္နိုင္မည္ဟု ျပည္သူ႔က်န္းမာေရး ပညာရွင္ မ်ားက ေမၽွာ္မွန္းသည္။
ၿပီးခဲ့သည့္ဗုဒၶဟူးေန႔က ၿဗိတိန္နိုင္ငံက အေမရိကန္ေဆးဝါးကုမၸဏီ Pfizer ႏွင့္ ဂ်ာမနီေဆးဝါးကုမၸဏီ BioNTech တို႔ ပူးတြဲထုတ္လုပ္သည့္ အလားအလာေကာင္းေသာ ကိုဗစ္ကာကြယ္ေဆးတစ္မ်ိဳး အေရးေပၚအသုံး ျပဳရန္ ခြင့္ျပဳလိုက္သည့္ ကမၻာ့ ပထမဆုံးတိုင္းျပည္ ျဖစ္လာခဲ့သည္။
လာမည့္သီတင္းပတ္အတြင္း Pfizer ကိုဗစ္ကာကြယ္ေဆး အလုံးေရ ၈၀၀၀၀၀ ၿဗိတိန္နိုင္ငံသို႔ ေရာက္ရွိ မည္ဟုယုံၾကည္ေၾကာင္း ျဗတိန္ဝန္ႀကီးမ်ားက ေျပာသည္။
လာမည့္ အဂၤါေန႔မွစ၍ ၿဗိတိန္နိုင္ငံရွိ ေဆး႐ုံ ၅၀ ခန္႔၌ ဗိုင္းရပ္စ္ ကူးစက္နိုင္ေခ်ျမင့္မားေသာ ဦးစားေပး အုပ္စုမ်ားကို ကာကြယ္ေဆးထိုးေပးမႈ စတင္မည္ျဖစ္သည္။
ၿဗိတိန္နိုင္ငံ၌ ကိုရိုနာဗိုင္းရပ္စ္ အတည္ျပဳကူးစက္မႈ ၁ ဒသမ ၇ သန္းေက်ာ္ႏွင့္ ေသဆုံးသူ ၆၁၀၀၀ ေက်ာ္ ရွိေၾကာင္း သိရသည္။
ကိုးကား – စပြတ္ညစ္
Ref; Queen Elizabeth Expected to Get Coronavirus Vaccine in Coming Weeks, Reports Say
#PeopleMedia
#COVID19
(unicode)
ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ် လာမည့်အပတ်များအတွင်း ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံခံမည်
……………………………………………..
နိုင်ငံတကာ၊ ဒီဇင်ဘာ ၆
အသက် ၉၄ နှစ်အရွယ် ဗြိတိန်ဘုရင်မကြီး အဲလိဇဘတ်က ကြင်ယာတော် အသက် ၉၉ နှစ်အရွယ် မင်း သားကြီး ဖိလစ်နှင့်အတူ လာမည့်သီတင်းပတ်များအတွင်း Pfizer နှင့် BioNTech တို့ ပူးတွဲထုတ်လုပ်သည့် ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ဆေး ထိုးနှံခံမည်ဟု သိရသည်။
ဘုရင်မကြီးက မည်သည့် ဦးစားပေးကုသမှုမျှ ရယူမည်မဟုတ်ဘဲ အသက် ၈၀ ကျော်များနှင့် သက်ကြီး စောင့်ရှောက်ရေးဂေဟာ နေထိုင်သူများကို ကိုဗစ်ကာကွယ်ဆေး ထိုးပေးသည့်အစီအစဉ်အတိုင်း စောင့်ဆိုင်းမည် ဖြစ်သည်။
ဘုရင်မကြီး အဲလိဇဘတ်နှင့် ကြင်ယာတော် မင်းသား ဖိလစ်တို့၏ ဗိုင်းရပ်စ်ကာကွယ်ဆေး ထိုးနှံမှုက ကိုဗစ်-၁၉ ရောဂါ ကုသမှုနှင့်ပတ်သက်သော သတင်းမှားများ ထိန်းချုပ်နိုင်မည်ဟု ပြည်သူ့ကျန်းမာရေး ပညာရှင် များက မျှော်မှန်းသည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ဗြိတိန်နိုင်ငံက အမေရိကန်ဆေးဝါးကုမ္ပဏီ Pfizer နှင့် ဂျာမနီဆေးဝါးကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်သည့် အလားအလာကောင်းသော ကိုဗစ်ကာကွယ်ဆေးတစ်မျိုး အရေးပေါ်အသုံး ပြုရန် ခွင့်ပြုလိုက်သည့် ကမ္ဘာ့ ပထမဆုံးတိုင်းပြည် ဖြစ်လာခဲ့သည်။
လာမည့်သီတင်းပတ်အတွင်း Pfizer ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၈၀၀၀၀၀ ဗြိတိန်နိုင်ငံသို့ ရောက်ရှိ မည်ဟုယုံကြည်ကြောင်း ဗြတိန်ဝန်ကြီးများက ပြောသည်။
လာမည့် အင်္ဂါနေ့မှစ၍ ဗြိတိန်နိုင်ငံရှိ ဆေးရုံ ၅၀ ခန့်၌ ဗိုင်းရပ်စ် ကူးစက်နိုင်ချေမြင့်မားသော ဦးစားပေး အုပ်စုများကို ကာကွယ်ဆေးထိုးပေးမှု စတင်မည်ဖြစ်သည်။
ဗြိတိန်နိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် အတည်ပြုကူးစက်မှု ၁ ဒသမ ၇ သန်းကျော်နှင့် သေဆုံးသူ ၆၁၀၀၀ ကျော် ရှိကြောင်း သိရသည်။
ကိုးကား – စပွတ်ညစ်
Ref; Queen Elizabeth Expected to Get Coronavirus Vaccine in Coming Weeks, Reports Say
#PeopleMedia
#COVID19