မြိုင်မြို့နယ်တွင် ပညာရေးဝန်ထမ်းမိသားစုနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် တစ်ရက်ထဲ လူ (၆) ဦး အသတ်ခံရ

PUBLISHED - December 7, 2021
မြိုင်၊ ဒီဇင်ဘာ ၇ (People Media)
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်မှာ ဒီဇင်ဘာ ၆ ရက်နေ့က ပညာရေးဝန်ထမ်း မိသားစုလိုက် အသတ်ခံရတဲ့အပြင် ရပ်ကျေးအုပ်ချုပ်ရေးမှူးများအပါအဝင် တစ်ရက်ထဲ လူ (၆) ဦး အသတ်ခံခဲ့ရတယ်လို့ မြိုင်မြို့ခံတွေက People Media ကို ပြောပါတယ်။
ဒီဇင်ဘာလ ၆ ရက်နေ့က ညပိုင်းမှစပြီး မြိုင်မြို့နယ်၊ မြို့စိုးကျေးရွာက အ.မ.က ကျောင်းအုပ်ကြီး ဆရာ ဦးမြင့်ဇော် အသက် (၅၂) နှစ်၊ ၎င်း၏ ဇနီးဖြစ်သူ ရွာအုပ်ချုပ်ရေး စာရေးဒေါ်အေးအေး အသက် (၅၄)နှစ်နဲ့ သူတို့နှစ်ဦးရဲ့ သမီးဖြစ်သူ ကျောင်းဆရာမ မအေးသူဇာ အသက် (၂၇) နှစ်တို့လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
အလားတူ မြိုင်မြို့နယ်အတွင်းရှိ ဘောင်ဘင်ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဆင်စိန်ရွာက တစ်ဦးနဲ့ ဂွေးပင်တွင်းက တစ်ဦးတို့လည်း အသတ်ခံခဲ့ရတာဖြစ်ပြီး၊ ဘယ်အဖွဲ့အစည်းက သတ်တယ်ဆိုတာ မသိရှိရသေးလို့ သိရပါ တယ်။
အဲ့ဒီဖြစ်စဉ်တွေနဲ့ပတ်သက်ပြီး တိတိကျကျသိရှိနိုင်ဖို့ People Media က မြိုင်မြို့မရဲစခန်းကို ဆက်သွယ်ခဲ့ ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။
သွန်းသွန်း(PeopleMedia)
#PeopleMedia #မြိုင်မြို့နယ်
(unicode)
…………………………………………………