မြိုင်မြို့နယ်၊ အ.ထ.က ကျောင်းမှာ စာရေးဖြစ်သူ အမျိုးသမီးတစ်ဦး လုပ်ကြံခံရ၍ သေဆုံး၊ အဆိုပါ လုပ်ကြံမှု သည် ၎င်းတို့လက်ချက်ဖြစ်ကြောင်း ဒေသခံ PDF အဖွဲ့ထုတ်ပြန်

PUBLISHED - November 17, 2021
မကွေး၊ နိုဝင်ဘာ ၁၇ (People Media)
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မင်းကန်ကျေးရွာရှိ အ.ထ.က ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် အမျိုးသမီးတစ်ဦးသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံရ၍ သေဆုံးခဲ့ပါတယ်။
အဆိုပါ လုပ်ကြံမှုသည် မြိုင် PDF နှင့် ဆားလင်းကြီးသမန်းကျားတို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ဒေသခံ PDF အဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဖြစ်စဉ်မှ နိုဝင်ဘာ ၁၅ ရက်နေ့ ညပိုင်းက မင်းကန်ကျေးရွာရှိ အ.ထ.က ကျောင်း၌ တာဝန်ထမ်းဆောင်နေသည့် ကျောင်းစာရေးဖြစ်သူ ဒေါ်စောစန္ဒာရွှေသည် နေအိမ်၌ ရှိနေစဉ် သေနတ်ဖြင့် အကြမ်းဖက် သတ်ဖြတ်ခံရခြင်း ဖြစ်ပါတယ်။
“ဖြစ်စဉ်မှန်ပါတယ်။ လူအုပ်စုတစ်စုက အိမ်ပေါ်တက်ပြီး လုပ်ကြံသွားတာ။ နေအိမ်မှာ ပွဲချင်းပြီး သေသွားပါ တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်တို့သည် ဒေသခံ PDF အဖွဲ့များ အကောင်းသည့်နေရာ တစ်ခုဖြစ်ပါတယ်။
#PeopleMedia #မြိုင်
(unicode)
……………………………………………………..