မြိုင်မြို့နယ်၌ အသက် ၆၀ ခန့် အရွယ်ရှိသော ကျေးရွာအုပ်ချုပ်ရေးမှူးကို PDF အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

PUBLISHED - March 11, 2022
မြိုင်၊ မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ မြိုင်မြို့နယ်၊ ဖောင်းကွဲကျေးရွာအုပ်စု၊ ညောင်အုပ်ကျေးရွာနေ ကျေးရွာ အုပ်ချုပ်ရေးမှူးဖြစ်သူကို PDF အကြမ်းဖက်အဖွဲ့မှ မတ်လ ၁၀ ရက်နေ့တွင် လုပ်ကြံ သတ်ဖြတ်လိုက်သည်။
သေဆုံးသူ အုပ်ချုပ်ရေးမှူးသည် ဦးရဲမြင့်ဖြစ်ပြီး အသက် ၆၀ ခန့် အရွယ်ရှိပြီး ယခင်ကထဲက ကျေးရွာ အကျိုး၊ ဘာသာရေး၊ သာသနာရေးလုပ်ငန်းများ၌ တက်ကြွစွာပါဝင်သူဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
“သူက ကျေးရွာ အကျိုး၊ ဒေသ အကျိုး ဆောင်ရွက်သူပါ။ ဒီလို လူတွေကို လိုက်ပြီး ရည်ရွယ်ချက်ရှိရှိ လိုက်လံ လုပ်ကြံနေသူတွေကို ဖော်ထုတ်ပေးပါလို့ အစိုးရကို တောင်းဆိုပါတယ်” လို့ ဒေသခံတစ်ဦးက ပြောသည်။
မကွေးတိုင်းဒေသကြီး၌ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်သည် PDF အဖွဲ့များ အားကောင်းဆဲ ခရိုင်များဖြစ်သည်။
#PeopleMedia
(unicode)
……………………………….
#PeopleMedia