မြို့သစ်မြို့နယ် အိုင်မကျေးရွာအုပ်ချုပ်ရေးမှူး သေနတ်ဖြင့် လုပ်ကြံခံရ၍ သေဆုံး၊ လုပ်ကြံသတ်ဖြတ်မှုသည် ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ဗိဿနိုးနယ်မြေ PDF အဖွဲ့ ထုတ်ပြန်

PUBLISHED - September 2, 2021
နေပြည်တော်၊ စက်တင်ဘာ ၂ (People Media)
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်၊ အိုင်မကျေးရွာမှ အုပ်ချုပ်ရေးမှူး အောင်စိုးမင်းသည် စက်တင်ဘာလ ၁ ရက်နေ့ ညနေ ၆ နာရီ ၃၀ မိနစ်တွင် ဗိဿနိုး PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်ခြင်းခံခဲ့ရသည်။
အိုင်မကျေးရွာမှ အုပ်ချုပ်ရေးမှူး အောင်စိုးမင်းကို သေနတ် ၁၅ ချက်ဖြင့် ပစ်ခတ်ခဲ့ကြောင်း ဗိဿနိုး PDF အဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
လက်ရှိအချိန်၌ မြို့သစ်မြို့နယ်ရှိ ကျေးရွာအုပ်ချုပ်ရေးမှူး နှစ်ဦးသည် ဗိဿနိုး PDF အဖွဲ့၏ လုပ်ကြံသတ် ဖြတ်မှုခံထားခဲ့ရသည်။
#PeopleMedia #ဗိဿနိုးPDF
(unicode)
………………………………………………………………………