ကြို့ပင်ကောက်မြို့နယ်၌ မိုင်းကွဲ၍ ဆရာတော်နှစ်ပါး မိုင်းစထိမှန် ဒဏ်ရာရ

PUBLISHED - November 20, 2021
ပဲခူး၊ နိုဝင်ဘာ ၂၀ (People Media)
ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ ဈေးလမ်းဆုံအနီးတွင် ပေါက်ကွဲမှုဖြစ်ရာ ဆရာတော်နှစ်ပါးသည် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦး၏ ပြောဆိုချက်အရ သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်တွင် ဗောဓိရိပ်သာကျောင်းတိုက်မှ စာချ တန်းဆရာတော်တစ်ပါးနှင့် အလတ်တန်းဆရာတော်တစ်ပါးသည် ကြိုပင်ကောက်ဈေးလမ်းဆုံအနီးသို့ အ ရောက် လမ်းဘေးပလက်ဖောင်းမှ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပါတယ်။
“မနက် ၈ နာရီ ၂၀ လောက်က ဖြစ်တာ တစ်ပါးကတော့ ခြေထောက်ထိသွားတယ်။ နောက်တစ်ပါးကတော့ ချက်အောက်ကို ထိသွားပါတယ်။ အခုကြိုပင်ကောက်မြို့နယ် ပြည်သူ့ဆေးရုံမှာတော့ တင်ထားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ တိုင်းဒေသကြီး/ပြည်နယ်များ၌ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် သံဃာတော်များ လုပ်ကြံခံရမှု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပါတယ်။
Photo – credit
#PeopleMedia #ကြို့ပင်ကောက် #သံဃာတော်
(unicode)
………………………………………………
Photo – credit