• Follow Us on
Latest News

Home နိုင်ဂျီးရီးယားလေကြောင်းတိုက်ခိုက်မှုကြောင့် ဂျီဟတ်ဝါဒီစစ်သွေးကြွ ၁၀၀ ကျော်သေဆုံး

နိုင်ဂျီးရီးယားလေကြောင်းတိုက်ခိုက်မှုကြောင့် ဂျီဟတ်ဝါဒီစစ်သွေးကြွ ၁၀၀ ကျော်သေဆုံး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၂ (People Media)

 

လွန်ခဲ့သည့်သီတင်းပတ်အတွင်း နိုင်ဂျီးရီးယားလေတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂျီဟတ်ဝါဒီစစ်သွေး ကြွများ ၁၀၀ ကျော် သေဆုံးခဲ့ကြောင်း AFP သတင်းဌာနတွင်ဖော်ပြထားသည်။

 

လွန်ခဲ့သည့်သီတင်းပတ် တနင်္လာနေ့က နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဘက်ရှိ အနောက်ပိုင်းပြည်နယ်အစ္စ လာမ်မစ်နိုင်ငံတော်အဖွဲ့ Islamic State West Africa Province (ISWAP) ၏ စခန်းသုံးခုကို နိုင်ဂျီးရီးယားလေ တပ်ဂျက်တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ထိပ်တန်းခေါင်းဆောင်များအပါအဝင် ဂျီဟတ်ဝါဒီစစ်သွေး ကြွ ၁၀၀ ကျော်သေဆုံးခဲ့သည်။

 

ISWAP ဂျီဟတ်ဝါဒီအုပ်စုနှင့် ဘိုကိုဟာရမ်အစ္စလာမ်မစ်အုပ်စုတို့ကြား နယ်မြေလုတိုက်ပွဲများဖြစ်ပွားပြီးနောက် ပြိုင်ဘက် ဘိုကိုဟာရမ်အုပ်စုခေါင်းဆောင် မေလအတွင်းက သေဆုံးသွားပြီးကတည်းက ISWAP ဂျီဟတ်ဝါဒီ အုပ်စုသည် ချပ်ဒ်ရေကန်ဒေသအတွင်း ၎င်းတို့၏အင်အားကို ခိုင်မာလာအောင် စုစည်းတည်ဆောက်လျက်ရှိ သည်။

 

ISWAP ဂျီဟတ်ဝါဒီအုပ်စုသည် ၂၀၁၆ ခုနှစ်တွင် ဘိုကိုဟာရမ်အဖွဲ့မှ ခွဲထွက်လာသောအဖွဲ့ဖြစ်ပြီး နိုင်ဂျီးရီးယား ပြည်တွင်းပဋိပက္ခတွင် အဓိကဂျီဟတ်ဝါဒီအုပ်စုအဖြစ် ပါဝင်ခဲ့သည်။

 

နိုင်ငံ၏ အရှေ့မြောက်ဘက်မှ မာတီးခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများဆောင်ရွက်ခဲ့ရာ အကြမ်းဖက်သ မား ၁၀၀ ကျော်သေဆုံးခဲ့ကြောင်း နိုင်ဂျီးရီးယားတပ်မတော်အရာရှိတစ်ဦးကပြောသည်။

 

“စခန်းသုံးခုမှာ အကြမ်းဖက်သမားတွေ အင်အားအများအပြားရောက်ရှိနေတယ်ဆိုတဲ့ ထောက်လှမ်းရေးသတင်း တွေရရှိပြီးတဲ့နောက်မှာ စီမံချက်တွေသေသေချာချာ ရေးဆွဲပြီး လေကြောင်းတိုက်ခိုက်မှုကို ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်” ဟု အဆိုပါအရာရှိက ပြောသည်။

 

အကြမ်းဖက်သမားသေဆုံးသည့်အရေအတွက်ကို အတိအကျပြောရန် ခက်ခဲကြောင်း၊ သို့သော် စုစုပေါင်း ၁၀၀ ကျော်သေဆုံးသည်ကို အတည်ပြုနိုင်ကြောင်း နိုင်ဂျီးရီးယားထောက်လှမ်းရေးတစ်ဦးကပြောသည်။

 

ဂျက်တိုက်လေယာဉ်များက အခြားကျေးရွာများကို တိုက်ခိုက်ပြီးနောက် အစောပိုင်းကာလအတွင်းက ISWAP ဂျီဟတ်ဝါဒီအုပ်စုအင်အားအများအပြား အဆိုပါစခန်းသုံးခုသို့ ပြောင်းရွှေ့လာခြင်းဖြစ်သည်။

 

အကြမ်းဖက်စစ်သွေးကြွများသည် မိုင်းဒဏ်ခံယာဉ်များအပါအဝင် ယာဉ်အစီး ၂၀ ယူဆောင်သွားကြောင်း၊ လေ ကြောင်းတိုက်ခိုက်မှုကြောင့် ယာဉ်အားလုံးနှင့် လက်နက်ကြီးအချို့ပျက်စီးသွားပြီဖြစ်ကြောင်း ထောက်လှမ်းရေး သတင်းရင်းမြစ်က ပြောသည်။

 

လေကြောင်းတိုက်ခိုက်မှုကြောင့် စစ်သွေးကြွအုပ်စုအသေအပျောက်များကြောင်း ဒေသတွင်း ရေလုပ်သားတစ် ဦးကပြောသည်။ “လတ်တလောတိုက်ခိုက်မှုကြောင့် သူတို့အတော်လေးအထိနာသွားတယ်။ တူဒန်ဂျီဂျင်ယာရွာ မှာ အလောင်း ၁၀၀ ကျော် မြုပ်သွားကြတာ တစ်နေကုန်တယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် အဆို ပါ ရေလုပ်သားကပြောသည်။

 

Ref: Nigeria Air Strikes ‘Kill More Than 100 Jihadists’

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Nigeria Air Strikes ‘Kill More Than 100 Jihadists’

 

#PeopleMedia


Share this post