နိုင်ဂျီးရီးယားနိုင်ငံ၏ အဆိုးရွားဆုံးစစ်အစိုးရပင်လျှင် လက်ရှိအုပ်ချုပ်နေသော APC အစိုးရထက်သာလွန် ကောင်းမွန်ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူး ဆယ်မြူရယ်လ်အော်တွန်ပြော
PUBLISHED - November 2, 2021
နိုင်ငံတကာ၊ အောက်တိုဘာ ၂ (People Media)
နိုင်ငံတွင် အဆိုးဆုံးစစ်အစိုးရသည် လက်ရှိအုပ်ချုပ်နေသော APC (All Progressives Congress) ပါတီ ဦး ဆောင်သောအစိုးရထက် သာလွန်ကောင်းမွန်ကြောင်းပြောဆိုရင်း သမ္မတမူဟမ်မာဒူဘူဟာရီဦးဆောင်သော အစိုးရကို ဘီနူးပြည်နယ်အုပ်ချုပ်ရေးမှူးဆယ်မြူရယ်လ်အော်တွန်က အောက်တိုဘာလ ၁ ရက်နေ့က ဒေါသ တကြီးဝေဖန်ပြစ်တင်လိုက်သည်။
အော်တွန်သည် ပြည်သူ့ဒီမိုကရက်တစ်ပါတီ (PDP) ညီလာခံကျင်းပခဲ့သည့် အဘူဂျာမြို့မှပြန်လည်ရောက်ရှိလာ ပြီး မာကာဒီမြို့တွင် သတင်းထောက်များအားလက်ခံတွေ့ဆုံစဉ် သတင်းထောက်များ၏မေးခွန်းများကိုပြန်လည် ဖြေဆိုနေစဉ်အတွင်း ယခုလိုပြောကြားလိုက်ခြင်းဖြစ်သည်။
လက်ရှိ APC အစိုးရသည် နိုင်ဂျီးရီးယားနိုင်ငံအတွက် ၎င်းတို့ပေးထားသော ကတိကဝတ်များကို အကောင်အ ထည်ဖော်ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်းစွပ်စွဲပြောဆိုရင်း PDP ပါတီသည် ၂၀၂၃ ခုနှစ်တွင် နိုင်ငံ၏ခေါင်း ဆောင်မှုတာဝန်ကိုထမ်းဆောင်တော့မည်ဖြစ်သည်ဟု PDP ပါတီညီလာခံက ရှင်းလင်းစွာ အချက်ပြလိုက်ပြီဖြစ် ကြောင်း အော်တွန်ကပြောဆိုခဲ့သည်။
“သူတို့ဟာ လိမ်လည်လှည့်ဖျားပြီး မရိုးသားတဲ့သူတွေဖြစ်တယ်၊ ကျွန်တော်တို့နိုင်ငံကို ကယ်တင်နိုင်စွမ်းရှိတဲ့သူ တွေ မဟုတ်ဘူး။ သူတို့ဟာ ကျွန်တော်တို့နိုင်ငံရဲ့ စီးပွားရေး၊ လုံခြုံရေး၊ လူမှုဘဝတွေနဲ့ ကျွန်တော်တို့တွေးတော ကြံဆနိုင်တဲ့အရာအားလုံးကို ဖျက်ဆီးပစ်တဲ့နေရာမှာ အောင်မြင်ခဲ့တယ်။” ဟု အော်တွန်ကပြောသည်။
“ကျွန်တော့်အနေနဲ့ နိုင်ဂျီးရီးယားနိုင်ငံရဲ့သမိုင်းကို ဖတ်ရှုလေ့လာခွင့်ရခဲ့သလို ကျွန်တော်တို့နိုင်ငံရဲ့တပ်မတော် နဲ့ ကျွန်တော်တို့နိုင်ငံသားတွေကို ဖျက်ဆီးခဲ့တဲ့ သူတို့ကိုလည်း လေ့လာခွင့်ရခဲ့တယ်။ အဆိုးရွားဆုံးဒီမိုကရေစီ အစိုးရဟာ စစ်အစိုးရထက် သာလွန်ကောင်းမွန်ပါတယ်လို့ ကျွန်တော်တို့ အမြဲတမ်းပြောလေ့ရှိတယ်။ ဒါပေမဲ့ APC ဦးဆောင်တဲ့အစိုးရအတွက် ကျွန်တော်ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အဆိုးရွား ဆုံးစစ်အစိုးရဟာ အခုလက်ရှိ APC ပါတီဦးဆောင်နေတဲ့အစိုးရထက် သာလွန်ကောင်းမွန်ပါတယ်လို့ ပြောချင်ပါ တယ်။” ဟု ၎င်းကပြောသည်။
“အော်တွန်ဟာ ဘီနူးပြည်နယ်က ပြည်သူတွေကို သတင်းမှားတွေပေးနေတဲ့ လူတစ်ယောက်ပါ။” ဟု APC ပါတီ မှ ဒုတိယအမျိုးသားသတင်းပြန်ကြားရေးအတွင်းရေးမှူး ရီကီနီနာဘီနာကပြောသည်။
Ref: Nigeria’s worst military gov’t better than APC government –Ortom
#PeopleMedia
(unicode)
…………………………………………………………………
Ref: Nigeria’s worst military gov’t better than APC government –Ortom
#PeopleMedia