နိုင်ငံဂုဏ်ဆောင်ကာယဗလမောင် ကိုမိုးဆွေသည် လေ့ကျင့်ခန်းလုပ်နေစဉ် မတော်တဆမှုဖြစ်၍ ကွယ်လွန်

PUBLISHED - January 20, 2022
ရန်ကုန်၊ ဇန်နဝါရီ ၂၀ (People Media)
နိုင်ငံဂုဏ်ဆောင် ကာယဗလမောင် ကိုမိုးဆွေသည် နိုင်ငံတကာ ပြိုင်ပွဲသွားရောက် ယှဉ်ပြိုင်ရန်အတွက် လေ့ ကျင့်နေစဉ် ဇန်နဝါရီ ၁၉ ရက်က မတော်တဆမှုဖြစ်ပွားကာ ကွယ်လွန်ခဲ့သည်။
ကိုမိုးဆွေသည် နိုင်ငံကိုယ်စားပြုပြိုင်ပွဲဝင်ရန်အတွက် မင်္ဂလာတောင်ညွှန့်မြို့နယ် စည်ပင်ဝင်းအတွင်း၌ Camp ဝင်နေခြင်းဖြစ်ပြီး လေ့ကျင့်ခန်းလုပ်နေစဉ် မတော်တဆမှုကြောင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။
ကိုမိုးဆွေ ကွယ်လွန်ချိန်၌ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်ပြီး၊ ၎င်းမှာ (၁၆) ကြိမ်မြောက် အရှေ့တောင်အာရှ 65 kg ကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိထားသူဖြစ်သလို တခြား ဆုတံဆိပ်ပေါင်းများစွာ ကိုလည်း ရရှိထားသူဖြစ်ကြောင်း သိရသည်။
Photo – Credit
#PeopleMedia # နိုင်ငံဂုဏ်ဆောင်ကာယဗလမောင်
(unicode)
………………………………………………………
Photo – Credit