• Follow Us on
Latest News

Home ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးကို ဂ်ဴးဆန္႔က်င္ေရး၀ါဒီလို႔ အစၥေရး၀န္ႀကီးခ်ဳပ္ စြပ္စြဲ

ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံးကို ဂ်ဴးဆန္႔က်င္ေရး၀ါဒီလို႔ အစၥေရး၀န္ႀကီးခ်ဳပ္ စြပ္စြဲ

Share this post

အစၥေရး၀န္ႀကီးခ်ဳပ္ေနတန္ယာဟုဟာ ႏိုင္ငံတကာရာဇ၀တ္ခံု႐ုံး (ICC)ကို ဂ်ဴးဆန္႕က်င္ေရး၀ါဒီလို႔ ဒီဇင္ဘာ ၂၂ ရက္ေန႔က စြပ္စြဲေျပာဆိုလိုက္ပါတယ္။

ICC ရဲ႕ ေရွ႕ေနခ်ဳပ္က ပါလက္စတုိင္းနယ္ေျမအတြင္း စစ္ရာဇ၀တ္မႈစံုစမ္းစစ္ေဆးေရးျပဳလုပ္ဖို႔ စီစဥ္ေနတာ ေၾကာင့္ ေနတန္ယာဟုက အခုလို စြပ္စြဲလိုက္တာျဖစ္ပါတယ္။

အခမ္းအနားတစ္ခုမွာ မိန္႔ခြန္းေျပာၾကားခဲ့တဲ့ ေနတန္ယာဟုက ICC အေနနဲ႔ မိမိတို႔ ဂ်ဴးလူမ်ိဳးေတြကို ဒီႏုိင္ငံ၊ ဒီၿမိဳ႕မွာ ေနထိုင္ခြင့္မျပဳဘဲ ေနထိုင္ရင္ စစ္ရာဇ၀တ္မႈလို႔ ဆံုးျဖတ္တာက ဂ်ဴးလူမ်ိဳးေတြကို ဆန္႔က်င္တာျဖစ္ တယ္လို႔ ေျပာပါတယ္။

ဒါဟာ ဂ်ဴးလူမ်ိဳးေတြကို ေပၚေပၚထင္ထင္ ဆန္႔က်င္တာျဖစ္တယ္လို႔ ေနတန္ယာဟုက ေျပာပါတယ္။

ICC ေရွ႕ေနခ်ဳပ္ ဖာတူဘန္ဒူဒါက အေနာက္ဘက္ကမ္းေျခေဒသမွာ စစ္ရာဇ၀တ္မႈစြပ္စြဲခ်က္ေတြကို အျပည့္အ၀စံုစမ္းစစ္ေဆးသြားမယ္လို႔ ၿပီးခဲ့တဲ့ ေသာၾကာေန႔က ေျပာၾကားထားတာျဖစ္ပါတယ္။

Ref;CNA

#PeopleMedia #International

(Unicode)
နိုင်ငံတကာရာဇဝတ်ခုံရုံးကို ဂျူးဆန့်ကျင်ရေးဝါဒီလို့ အစ္စရေးဝန်ကြီးချုပ် စွပ်စွဲ
……………………………………………………………

အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာ နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC)ကို ဂျူးဆန့်ကျင်ရေးဝါဒီလို့ ဒီဇင်ဘာ ၂၂ ရက်နေ့က စွပ်စွဲပြောဆိုလိုက်ပါတယ်။

ICC ရဲ့ ရှေ့နေချုပ်က ပါလက်စတိုင်းနယ်မြေအတွင်း စစ်ရာဇဝတ်မှုစုံစမ်းစစ်ဆေးရေးပြုလုပ်ဖို့ စီစဉ်နေတာ ကြောင့် နေတန်ယာဟုက အခုလို စွပ်စွဲလိုက်တာဖြစ်ပါတယ်။

အခမ်းအနားတစ်ခုမှာ မိန့်ခွန်းပြောကြားခဲ့တဲ့ နေတန်ယာဟုက ICC အနေနဲ့ မိမိတို့ ဂျူးလူမျိုးတွေကို ဒီနိုင်ငံ၊ ဒီမြို့မှာ နေထိုင်ခွင့်မပြုဘဲ နေထိုင်ရင် စစ်ရာဇဝတ်မှုလို့ ဆုံးဖြတ်တာက ဂျူးလူမျိုးတွေကို ဆန့်ကျင်တာဖြစ် တယ်လို့ ပြောပါတယ်။

ဒါဟာ ဂျူးလူမျိုးတွေကို ပေါ်ပေါ်ထင်ထင် ဆန့်ကျင်တာဖြစ်တယ်လို့ နေတန်ယာဟုက ပြောပါတယ်။

ICC ရှေ့နေချုပ် ဖာတူဘန်ဒူဒါက အနောက်ဘက်ကမ်းခြေဒေသမှာ စစ်ရာဇဝတ်မှုစွပ်စွဲချက်တွေကို အပြည့်အဝစုံစမ်းစစ်ဆေးသွားမယ်လို့ ပြီးခဲ့တဲ့ သောကြာနေ့က ပြောကြားထားတာဖြစ်ပါတယ်။

Ref;CNA

#PeopleMedia #International


Share this post