ႏိုင္ငံသား ၆၀ ရာခိုင္ႏႈန္းအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး႐႐ွိမည္ ဟု ေတာင္ကိုရီးယား၀န္ႀကီး ခ်ဳပ္ကတိျပဳ

PUBLISHED - September 16, 2020
ဆိုးလ္၊ စက္တင္ဘာ ၁၅
ေတာင္ကိုရီးယားႏိုင္ငံသားသန္း ၃၀ သို႔မဟုတ္ လူ ၆၀ ရာခိုင္ႏႈန္းအတြက္ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆး ေစာစီးစြာရ႐ွိႏိုင္မည္ဟု ေတာင္ကိုရီးယား၀န္ႀကီးခ်ဳပ္ ေခ်ာင္းဆယ္ကၽြန္းက အဂၤါေန႔တြင္ျပဳလုပ္သည့္ အစိုးရအဖြဲ႔အစည္းအေ၀းတြင္ေျပာသည္။
ႏိုင္ငံသား ၅၂ သန္းစလံုးအတြက္ ေဆးရရန္ႀကိဳးစားေနခ်ိန္တြင္ ကာကြယ္ေဆးမ်ား၏ေဘးကင္းလံုျခံဳမႈ၊ အစြမ္းထက္မႈႏွင့္ ဖြံ႔ၿဖိဳးတိုးတက္မႈမ်ားသည္ အစိုးရ၏ရင္းႏွီးႁမွဳပ္ႏွံမႈမ်ားကိုကန္႔သတ္ေနေၾကာင္း ေခ်ာင္းကေျပာသည္။
ကာကြယ္ေဆးမ်ားေစာစီးစြာရႏိုင္ေရးႏွင့္ တိုးတက္လာပါက ထပ္မံ၀ယ္ယူေရး သက္ဆိုင္ရာႏိုင္ငံတ ကာအဖြဲ႔အစည္းမ်ား၊ ကာကြယ္ေဆးကုမၸဏီမ်ားႏွင့္ေတာင္ကိုရီးယားအစိုးရၫွိႏႈိင္းေဆြးေႏြးေန သည္ဟုလည္းေျပာသည္။
ကမာၻတစ္လႊားကူညီ၀ယ္ယူၿပီး ႏိုင္ငံတကာတြင္မွ်တစြာျဖန္႔ခ်ိေရးအစီအစဥ္ COVAX တြင္ပါ၀င္မည္ဟု ၾသဂုတ္တြင္ ေတာင္ကိုရီးယားကေျပာသည္။
လူ ၁၀ သန္းအတြက္ COVAX အစီအစဥ္မွကာကြယ္ေဆးအဖံုသန္း ၂၀ ၀ယ္ယူၿပီး ေနာက္ထပ္သန္း ၂၀ အတြက္ ပုဂၢလိကကာကြယ္ေဆးကုမၸဏီမ်ားထံမွ သန္း ၄၀ ၀ယ္ယူမည္ျဖစ္ေၾကာင္း က်န္းမာေရး အာဏာပိုင္မ်ားက ထုတ္ျပန္ခ်က္တြင္ေျပာသည္။
ေတာင္ကိုရီးယားႏိုင္ငံမွ SK Bioscience ကုမၸဏီက ၿဗိတိန္ေဆးကုမၸဏီ AstraZeneca ထုတ္လုပ္ေနသည့္ကာကြယ္ေဆးကို ကမာၻ႔လိုအပ္ခ်က္ကိုက္ညီေစရန္ ဇူလိုင္တြင္ ကူညီေရးသေဘာတူခဲ့သည္။
တနလၤာေန႔တြင္ ေတာင္ကိုရီးယား၌ကို႐ိုနာဗိုင္းရပ္စ္ကူးစက္ခံရသူ ၁၀၆ ေယာက္ထပ္တိုးသျဖင့္ စုစုေပါင္း ၂၂၃၇၁ ေယာက္႐ွိေနၿပီး ေသဆံုးသူ ၃၆၇ ေယာက္႐ွိေနေၾကာင္း ကိုရီးယားေရာဂါထိန္းခ်ဳပ္ေရးႏွင့္ ကာကြယ္ေရးေအဂ်င္စီကထုတ္ျပန္သည္။
Ref : South Korea to secure coronavirus vaccines for 60% of population: PM Chung
#PeopleMedia
(unicode)
နိုင်ငံသား ၆၀ ရာခိုင်နှုန်းအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးရရှိမည် ဟု တောင်ကိုရီးယားဝန်ကြီး ချုပ်ကတိပြု
…………………………………………
ဆိုးလ်၊ စက်တင်ဘာ ၁၅
တောင်ကိုရီးယားနိုင်ငံသားသန်း ၃၀ သို့မဟုတ် လူ ၆၀ ရာခိုင်နှုန်းအတွက် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေး စောစီးစွာရရှိနိုင်မည်ဟု တောင်ကိုရီးယားဝန်ကြီးချုပ် ချောင်းဆယ်ကျွန်းက အင်္ဂါနေ့တွင်ပြုလုပ်သည့် အစိုးရအဖွဲ့အစည်းအဝေးတွင်ပြောသည်။
နိုင်ငံသား ၅၂ သန်းစလုံးအတွက် ဆေးရရန်ကြိုးစားနေချိန်တွင် ကာကွယ်ဆေးများ၏ဘေးကင်းလုံခြုံမှု၊ အစွမ်းထက်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုများသည် အစိုးရ၏ရင်းနှီးမြှုပ်နှံမှုများကိုကန့်သတ်နေကြောင်း ချောင်းကပြောသည်။
ကာကွယ်ဆေးများစောစီးစွာရနိုင်ရေးနှင့် တိုးတက်လာပါက ထပ်မံဝယ်ယူရေး သက်ဆိုင်ရာနိုင်ငံတ ကာအဖွဲ့အစည်းများ၊ ကာကွယ်ဆေးကုမ္ပဏီများနှင့်တောင်ကိုရီးယားအစိုးရညှိနှိုင်းဆွေးနွေးနေ သည်ဟုလည်းပြောသည်။
ကမ္ဘာတစ်လွှားကူညီဝယ်ယူပြီး နိုင်ငံတကာတွင်မျှတစွာဖြန့်ချိရေးအစီအစဉ် COVAX တွင်ပါဝင်မည်ဟု ဩဂုတ်တွင် တောင်ကိုရီးယားကပြောသည်။
လူ ၁၀ သန်းအတွက် COVAX အစီအစဉ်မှကာကွယ်ဆေးအဖုံသန်း ၂၀ ဝယ်ယူပြီး နောက်ထပ်သန်း ၂၀ အတွက် ပုဂ္ဂလိကကာကွယ်ဆေးကုမ္ပဏီများထံမှ သန်း ၄၀ ဝယ်ယူမည်ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင်များက ထုတ်ပြန်ချက်တွင်ပြောသည်။
တောင်ကိုရီးယားနိုင်ငံမှ SK Bioscience ကုမ္ပဏီက ဗြိတိန်ဆေးကုမ္ပဏီ AstraZeneca ထုတ်လုပ်နေသည့်ကာကွယ်ဆေးကို ကမ္ဘာ့လိုအပ်ချက်ကိုက်ညီစေရန် ဇူလိုင်တွင် ကူညီရေးသဘောတူခဲ့သည်။
တနင်္လာနေ့တွင် တောင်ကိုရီးယား၌ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၁၀၆ ယောက်ထပ်တိုးသဖြင့် စုစုပေါင်း ၂၂၃၇၁ ယောက်ရှိနေပြီး သေဆုံးသူ ၃၆၇ ယောက်ရှိနေကြောင်း ကိုရီးယားရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးအေဂျင်စီကထုတ်ပြန်သည်။
Ref : South Korea to secure coronavirus vaccines for 60% of population: PM Chung
#PeopleMedia