နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးဝီရသူ အာမခံဖြင့် လွှတ်ပေးမည်

PUBLISHED - February 23, 2021
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃ (People Media)
နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဆရာတော်ဦးဝီရသူကို ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။
NLD အစိုးရလက်ထက်တွင် ဆရာတော်ဦးဝီရသူ၊ ဘူးလတ်လှဆွေ၊ ဦးဌေးအောင်၊ မိုက်ကယ်ကျော်မြင့်တို့သည် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄ (က)ဖြင့် တရားစွဲခံရမှုကြောင့် အင်းစိန်အကျဉ်းထောင်၌ ထိန်းသိမ်း ခံခဲ့ရသည်။
လက်ရှိအချိန်တွင် ပုဒ်မ ၁၂၄(က)ဖြင့် တရားစွဲဆိုခံထားရသည့် ဦးဌေးအောင်သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့တွင် အာမခံဖြင့် ပြန်လည်လွတ်မြောက်ခဲ့ပြီး အဆိုပါပုဒ်မဖြင့် တရားစွဲဆိုခြင်းခံခဲ့ရသည်။
ဘူးလတ်ဦးလှဆွေကို ဖေဖော်ဝါရီ ၂၂ ရက်နေ့၌ အင်းစိန်ထောင်မှ အာမခံဖြင့်ပြန်လည်လွတ်မြောက်ခဲ့သည်။
#PeopleMedia
(unicode)
……………………………………………………………
#PeopleMedia